၃၄ (Zawgyi + Unicode)

10.9K 1.5K 173
                                    

Unicode

နားကြားကိရိယာနဲ့ ကျင့်သားရလာသည်အထိ အသုံးပြုနေဖို့ အမေက သူ့ကိုအတင်းတွန်းအားပေးနေတာကြောင့် Chanyeol မှာ ဒီရက်ပိုင်းထဲ နားကြားကိရိယာကို တပ်ထားရသည်။

Luhan ရဲ့လက်ထပ်ပွဲပြီးရင်တော့ အဲ့နားကြားကိရိယာကို လွှင့်ပဲပစ်ပစ်၊ လုပ်ချင်တာလုပ်ပါတဲ့။ အခုတော့ တပ်ထားပါဦးဟုဆို၍ သူ အောင့်အည်းသည်းခံနေရခြင်းသာ။

"Luhan"

Chanyeol ဘေးမှာထိုင်ပြီး ဟာသအစီအစဥ်တစ်ခုကိုကြည့်နေသည့် ညီဖြစ်သူက လှည့်ကြည့်လာသည်။

"လက်ထပ်ပွဲက ဘယ်နှရက်လိုသေးတာလဲ"

အူကြောင်ကြောင်နဲ့ လက်ချောင်းတွေပါချိုးပြီး ရေတွက်နေသည့်ကလေးငယ်က နောက် ၄ ရက်နေရင် အိမ်ထောင်ရှင်ကြီးဖြစ်သွားတော့မည်။ ကိုယ့်မင်္ဂလာဆောင်ကို ရက်ပြန်တွက်နေရသည့် ဟောဒီညီငယ်လေးက ချစ်ရသူနဲ့ ဘဝတစ်ခုကိုထူထောင်တော့မည်။ အချိန်ကုန်တာ မြန်သလိုပါပဲ..

"၄ ရက်လေ ကိုကြီးရဲ့"

"Oh Sehun က အနိုင်ကျင့်ရင် ငါ့ကိုပြော.. အဲ့ကောင်ကို သေချာဆုံးမပေးမယ်"

Luhan က ဟက်ဟက်ပက်ပက်ရယ်မောလာသည်။ ဒီစကားကို လွန်ခဲ့တဲ့ ၂ လလောက်က သူပြောမိရင် ကြောက်လန့်နေမဲ့ Luhan လေးက အခုတော့ ဟာသတစ်ခုလိုတောင် ရယ်မောနိုင်နေပြီ။ ဒီရက်တွေအတောအတွင်းမှာပဲ သူလည်း Oh Sehun အပေါ်မှာရှိတဲ့ မကောင်းမြင်စိတ်တွေကို တော်တော်လေးလျှော့ချနိုင်ခဲ့ပြီထင်၏။

"ကိုကြီး သိလား.. နောက်ကားက ကျော်တက်တယ်ဆိုတာလေ"

Luhan ဘာကို ဆိုလိုချင်မှန်း သူသဘောပေါက်နေတော့ နည်းနည်းအိုးတိုးအမ်းတမ်းဖြစ်သွားရသည်။

"အဲ့တော့ ဘာဖြစ်လဲ"

"ကိုကြီးလည်း ကားရှေ့ခန်း ဘေးထိုင်ခုံမှာ တင်ဖို့ လူရှိရဲ့သားနဲ့ကို မရှိချင်ယောင်ဆောင်နေပြီးတော့"

"တော်တော့နော် Luhan"

"ကျွန်တော် Baekhyunee ကို အိမ်တံခါးရဲ့ လျှို့ဝှက်နံပါတ်ပြောပြလိုက်တာ"

ဪ.. လက်သည်တရားခံက Luhan ပါပဲ။ Chanyeol မှာ မချိတင်ကဲနှင့် ဒေါသလည်း မထွက်နိုင်၊ ပျော်လည်း မပျော်နိုင်။

Give and TakeWhere stories live. Discover now