၁၈ (Zawgyi + Unicode)

10.5K 1.5K 43
                                    

Zawgyi

"သား ဘာတွေလုပ်နေတာလဲ"

မေမေဆူတော့မယ်ဆိုတာ သူသိပြီးသား။

"သားတို့အတွက် အကျိုးအမြတ်ရမဲ့ကိစ္စကိုပဲ သားလုပ်ခဲ့တာပါ"

"Sehun! သူများတွေ ဘယ်လိုပဲ ကလိမ်ကကျစ်ကျကျ ကိုယ်ကတော့ အမြဲဖြောင့်မှန်နေရမယ်လို့ မေမေ မင်းကိုမပြောထားဘူးလား"

"သူတို့ ရှယ်ယာဈေးကျသွားတဲ့ကိစ္စကတော့ သားနဲ့မဆိုင်ဘူး မေမေ... သားက သတင်းထောက်အန်းကို သူတို့စက်ရုံကိစ္စပြောပြလိုက်ရုံပဲရှိတယ်"

မေမေက ခေါင်းတခါခါဖြင့်သာ..။ အခု သူအဆူခံနေရပေမဲ့လည်း ဖြစ်တဲ့ကိစ္စကဖြစ်ပြီးသွားပြီ။ သတင်းထောက်အန်းကို Park Chanyeol တို့စက်ရုံကိစ္စပြောပြလိုက်တာကတော့ သူဖြစ်ပေမဲ့ တစ်ဆင့်စကားတွေနဲ့ သတင်းထောက်တို့ထုံးစံအတိုင်း ချဲ့ကားရေးရာကနေ ဟုတ်တာရော၊ မဟုတ်တာရောအကုန်လုံး ပလူပျံကုန်တတော့ သူလည်းမတတ်နိုင်။ အဲ့လိုကနေ ရှယ်ယာဈေးအပြောင်းအလဲတွေဖြစ်ကုန်တာအထိတော့ မရည်ရွယ်ခဲ့တာအမှန်။

"ဒါပေမဲ့ သားတို့ရှယ်ယာဈေးတက်လာတာပဲ မေမေရယ်"

မေမေ ဘာကို စိတ်တိုနေသလဲ၊ စိုးရိမ်နေသလဲ သူမသိပါ။ ဒီလိုပဲ စီးပွားရေးလောကဆိုတာကတော့ လျင်သူ စားတာပဲမဟုတ်လား။ သူတို့ကုမ္ပဏီက ကြားထဲက အလိုလိုနေရင်း ရှယ်ယာဈေးတွေတက်လာသည်။ Park Chanyeol ကိုလည်း အတော်လေး စိတ်အနှောင့်အယှက်ပေးနိုင်လိုက်သည်။ ဒါဆိုရင် သူ့အတွက်တော့ အမြတ်ပဲ။

Luhan... အင်း...။ Han ကတော့ မိသားစုစီးပွားရေးကို စိတ်မဝင်စားတာမို့ ဘာမှသိမှာမဟုတ်။ Park Chanyeol တို့ သားအဖတွေပဲ တော်တော်ခေါင်းကျိန်းနေလောက်ပြီ။

အတွေးနဲ့အတူ တစ်ချက်ပြုံးမိတော့ မေမေက မျက်စောင်းထိုးကြည့်လာသည်။

"Oh Sehun.. မင်း နောက်တစ်ခါ ဒီလိုမျိုးမလုပ်နဲ့.. အထူးသဖြင့် အဲ့မိသားစုကို"

"မေမေရာ.."

သူ မချိတင်ကဲရေရွတ်မိပေမဲ့ မေမေကိုယ်တိုင်က တားနေတော့လည်း....။

"မေမေ့စကား နားထောင်စမ်းပါ သားရယ်... နှစ်ဦးနှစ်ဖက် အကျိုးယုတ်မှာတွေ မလုပ်စမ်းပါနဲ့.. အနည်းဆုံးတော့ မင်းကောင်လေးမျက်နှာထောက်စမ်း"

Give and TakeWhere stories live. Discover now