အပိုင်း (၁)

1.5K 69 5
                                    

တိုက်​ကြီးများဟိန်းကာ ထပ်​​နေ​သော အိမ်​ဟု​ခေါ်သည့်​ ​နေရာကြီးကို လျှာထိုးဦးထုတ်​ကျွတ်​ကျမတတ်​ ​မော့ကြည့်​ရင်း အံ့သြ​နေမိသည်​...။

ဒီအိမ်​ကြီးက မိမိတို့ အိမ်​ကြီးနှင့်​စာလျှင်​ အ​သေးအမွှား မြူမှုန့်​​လောက်​ပင်​ရှိဦးမည်​..။ ခြံ​စောင့်​ဦး​လေးကြီး​ခေါ်ရာ​နောက်​သို့လိုက်လာရင်း ​​Luhan အိမ်​ကြီးထဲသို့​လေးပင်​စွာဝင်​လာခဲ့ရသည်​..။

Sehun ဟု​ခေါ်သည့်​ လူတစ်​​ယောက်​နှင့်​ အတူ​နေရမည်​ဟု Arjuma​ပြောပြထားသည့်​အတိုင်း ထို Sehun ဆိုသည့်​လူကြီးကို​တွေ့ရဖို့ဝန်​​လေး​နေမိသည်​...။

" တီး​တောင်​..."

အိမ်​၀င်​၀င်​ချင်းအခန်းဝတွင်​ရှိသည့်​ bell ကိုနှိပ်​လိုက်​လျှင်​ မကြာပါ...အရပ်​ရှည်​ရှည်​ အသားဖြူဖြူ​ထောင်​​ထောင်​​မောင်း​မောင်းနှင့်​လူတစ်​​ယောက်​ တံခါးလာဖွင့်​​ပေးပြီး ...မိမိကို ​သေချာကြည့်​ကာ...

" သူလား..."

" ဟုတ်​ပါတယ်​သခင်​​လေး "

" ​နေရာချ​ပေးထားလိုက်​ ...​"

" ဟုတ်​ကဲ့ပါ "

ပြော​နေ​သောစကားများကို နားမလည်​။
အိမ်​​စောင့်​ ဦး​လေးကြီးက ခါး​လေးချိုး၍ ရို​သေသမှုဖြင့်​ အိမ်​ထဲဝင်​သွား​တော့ မိမိလဲ ခါး​လေးညွှတ်​၍ အိမ်​ထဲဝင်​သွားရ​သည်​..။

ကြီးမားလိုက်​သည့်​အိမ်​ကြီး...​ဟော်​တယ်​တစ်​လုံးစာ​လောက်​ခန့်​ညားကြီးမားသည့်​အိမ်​မျိုးမှာ တစ်​​ယောက်​ထဲ​နေတာတဲ့လား...။ ဟိုကြည့်​ဒီကြည့်​ကြည့်​ရင်း ပစ္စည်းအချို့ကို ၀င်​တိုက်​မိ၏....။" ဂလွမ်​ " ​လှေကားအနားရှိ ပန်းအိုးကြီးတစ်​အိုးကို အ​ရှေ့အ​နောက်​မလွတ်​ပဲ တိုက်​မိကုန်၏..။

စိုးရိမ်​စိတ်​နှင့်​ သူ့ကိုကြည့်​လိုက်​​တော့ ....ဘာမှမ​ပြော​သေးဘူး ကြည့်​​နေတယ်​ ဆိုသည့်​အချိုးမျိုးနှင့်​ ကွန်​ပျူတာ​ရှေ့တွင်​ အလုပ်​ရှုပ်​​နေ၏..။ ​ကော်​ဖီခွက်​နှင့်​လဲ အလုပ်​ရှုပ်​​နေ​သေး၏..။

မိမိအတွက်​ပြင်​ဆင်​​ပေးထား​သော အခန်းမှာ အရမ်းကြီး သန့်​ပြန့်​မ​နေ​သော်​လဲ မိမိ၏ကိုယ်​ပိုင်​အခန်းကျဉ်း​လေးနှင့်​စာလျှင်​ အများကြီးသာ​သေးသည်​..။
Luhan တက္ကသိုလ်​တက်​ရ​တော့မည့်​​နေ့ထက်​ တစ်​ရက်​ကြို၍ ဤအိမ်​ကြီးသို့​ရောက်​လာရခြင်းဖြစ်​​လေသည်​..။Sehun နှင့်​ မည်​သို့ပတ်​သတ်​​နေသည်​ကို မိမိမသိ...။

FASCINATION[Completed]Where stories live. Discover now