အပိုင်း(၉)

558 50 6
                                    

( ၉ )

"Mora ကိုယ်​​တောင်းပန်​ပါတယ်​ကွာ အဲ့​နေ့က အဲ့​ကောင်​​လေးက ဖျား​နေတာ ခုထိမ​ပျောက်​ဘူး အဲ့က​လေးကို ကိုယ်​လဲမုန်းပါတယ်​ကွ "

" ဪ...မုန်းလို့အဲ့လိုကာကွယ်​​ပေး​နေတာ​ပေါ့ "

" မှား​နေပြီ Moraရဲ့ အဲ့​​ကောင်​က ommaနောက်​​ယောက်ျားရဲ့သား ကိုယ်​အရမ်းမုန်းတယ်​ အဲ့​ကောင်​​လေးနာကျဉ်းနေရတာမြင်​ချင်​တယ်​ အဲ့​ကောင်​​လေးအတွက်​နာကျဉ်းစရာ​တွေကို ကိုယ်​တစ်​​ယောက်​ထဲ​ပေးချင်လို့ "

" ဟွန်း ဟုတ်​ပါပြီ ဒါနဲ့အန်တီနဲ့ အဆင်​​ပြေ ​အောင်စကား​လေး​ပြောကြည့်​စမ်း
Hun ya နင်​ငါ့ကိုချစ်​ရင်​​ပေါ့... "

Sehun မျက်​နှာတစ်​ဖက်​သို့လွှဲသွားရင်း...

" ကိုယ်​ကြိုးစားကြည့်​ပါ့မယ်​ "

" ငါ့မှာမိဘ​တွေမရှိ​တော့တာ နင်​သိသားနဲ့ hunရာ
ကိုယ့်​အ​​မေကို ရှိတုန်း​လေးဂရုစိုက်​စမ်းပါ...ငါ နင့်​အတွက်​​ပြော​နေတာ "

Moraတွင်​မိဘများမရှိကြ တစ်​​ယောက်​ထဲရုန်းကန်​​ရသူပီပီ..ရင့်​ကျက်​သည်​...။ မ​ကောင်းသည့်​အကျင့်​ကားသူတစ်​ပါးကို ​တောက်​တိုမည်​ရ ခိုင်းတတ်​ပြီး လက်​ညိုးထိုးခိုင်းတတ်​သည့်​အကျင့်​ ။

နိုင်​ငံတစ်​ကာနှင့်​ရင်​​ဘောင်​တန်း​နေသူပီပီ ​ခေတ်​နှင့်​အညီဝတ်​စားဆင်​ယင်​မှုရှိ​သော်​လဲ စကား​ပြောညက်​သည်​..။ တစ်​ခါတစ်​​လေ ဘု​တောသည်​...။သူမစိတ်​သည်​ မည်​သူမျှခန့်​မှန်းမရသည့်​စိတ်​​ဖြစ်​၏...။

Sehub အိမ်​သို့ပြန်​လာပြီး ommaအခန်း​ရှေ့သို့သွားမိသည်​...။
လွန်ခဲ့သည်ရက်အနည်းငယ်ကနေမကောင်းဘူးဟုပြောသံလဲကြားသည်..သက်ပြင်းဖွဖွချ၍တံခါးကိုအသာဖွင့်​ကြည့်​လိုက်သည်​...။

နို့နှစ်​​ရောင်​​စောင်​ထူထူ ​မွေ့ယာခင်းထူထူ​ပေါ်အသာလှဲ​နေ​သောommaရုပ်​ရည်​သည်​ ဇရာ​ထောင်း၍ ရင့်​​ရော်​​နေသည်​လား....စိတ်​​ထောင်း၍ကိုယ်​​​ကြေ​နေသည်​လား မသိ..။

အခုမှ​သေချာကြည့်​မိသည်​...။ommaအသက်​အ​တော်​ကြီးသွားသည့်​ပုံစံပင်​​ပေါက်​​နေသည်​..

FASCINATION[Completed]Where stories live. Discover now