အပိုင်း (၁၁)

606 44 5
                                    

( ၁၁ )

" Mora အိမ်​ပြန်​​တော့မလား "

" ပြန်​မှာပါ ... ခဏ​တော့​မောင့်​အနားမှာ​နေလို့ရတယ်​မဟုတ်​လား "

" ပြန်​​တော့ကွာ ငါတစ်​​ယောက်​ထဲ​နေချင်​လို့ "

" ​ကောင်းပြီ​လေ bye bye ​မောင်​ "

Moraက ခပ်​လွင်​လွင်​ရယ်​ရင်းပင်​ အခန်းထဲမှထွက်​သွားသည်​...။ အမှန်​တကယ်​အိမ်​ပြန်​​သေးမည်​မဟုတ်​ ။ ommaနှင့်​ထိုင်​ကာ စကား​ပြောချင်​​ပြော​နေမည်​...။

မီးဖို​ချောင်​ထဲဝင်​ကာ ဟိုကြည့်​ဒီကြည့်​ လုပ်​ချင်​လုပ်​​နေလိမ့်​ဦးမည်​...။

♡ ♡ ♡

" ညက ဘာဖြစ်​လာတာလဲ "

တိကျပြတ်​သား​နေ​သော Kai၏​မေးခွန်းသည်​ ကျွန်​​တော့်​နှလုံးသား​​ကို ဓား​​နှင့်​ထိုးဆွလိုက်​သလို နာကျဉ်​ရသည်​။

" ​ဖြောက်​.... "

လက်​ဆစ်​ချိုးသံတစ်​ချက်​.....
အ​ကြောက်​လွန်​သည့်​အ​ခြေအ​နေ...။ ​ကြောက်​သည်​..။

Sehunအခြားတစ်​​ယောက်​နှင့်​လက်​ထပ်​မည်​ကိုမလိုလား။
လက်​ထပ်​မည့်​သူကလဲအခြားသူမဟုတ်​...mora...။

" ...ညကဘာလို့ ​သောက်​လာတာလဲကွာ ​သောက်​တတ်​တာလဲမဟုတ်​ပဲနဲ့ "

ဆူ​ငေါက်​တာမျိုးမဟုတ်​ပဲ ​အေး​ဆေး​လေး​ပြော​နေသည့်​ Kai hyungကို​ကျေးဇူးတင်​မိသည်​..။

" Kai hyungခေါင်းက ဘာဖြစ်​တာလဲ ကျွန်​​တော်​လုပ်​လိုက်​တာလား "

ဘာကိုမှမှတ်​မိ​တော့​သော hanကိုကြည့်​ကာ Kai တစ်​ချက်​ပြုံးသည်​...။

" မဟုတ်​ပါဘူး ​ရေချိုးခန်းထဲမှာ ​ချော်​လဲလို့...​ "

တကယ်​က ကိုယ်​တိုင်​ နံရံနှင့်​​ခေါင်းနှင့်​အကြိမ်​ကြိမ်​​ဆောင့်​သဖြင့်​ ​ခေါင်းကွဲသွားသည်​ကို​တော့မ​ပြောဖြစ်​။

" ကျွန်​တော်​​လေ..... "

luhan စကား​ပြောမည်​ပြုပြီးမှ ရပ်​တန့်​သွားသည်​..။

" အင်း...​ပြော... "

ဆက်​​ပြောရန်​အားမရှိ​သောပုံနှင့်​ ​ခေါင်းကိုငုံ့ထားသည်​မို့
Kai Han၏ပုခုံးကိုဆုပ်​ကိုင်​လိုက်​ရင်း...

FASCINATION[Completed]Where stories live. Discover now