အပိုင်း (၁၄) ဇာတ်သိမ်းပိုင်း

798 51 18
                                    

( 14 )

မေးဖျားကို​ လက်​နှစ်​ဖက်​ယှက်​ကာ ​ထောက်​​ထား​သော လက်​​ချောင်းသွယ်​သွယ်​များကို မြင်​လိုက်​သည်​နှင့်​ သိလိုက်​ပါပြီ..။

မျက်​လုံးများ စူးခနဲ​အောင့်​လာ၏..။ တကယ်​​တော့ သူ့အနားကို လုံးဝမသွားချင်​..။
သူ ဒီဘက်​ကို လှည့်​မကြည့်​ပါ​စေနဲ့...။

ဟိုတစ်​ဖက်ကို​​လှည့်​​နေလို့...မြင်​​နေရတဲ့ ​မေးရိုးသွယ်​သွယ်​​တွေ...။
ကျွန်​​တော်​ ရုန်းထွက်​ခဲ့ပြီ​လေ...။ အဲ့ဒီလူဆီက​နေ..။

ကော်​ဖီဗန်းကို သူ့အနားသွားပြီး ခပ်​မြန်​မြန်​ချထားလိုက်​သည်​...။ဒါကို..သူက လှည့်​မကြည့်​​သေး...။ သူ့​အ​မြဲဆွတ်​​နေကျ ​ရေ​မွှေးနံ့သင်းသင်းက အာရုံကို မူး​ဝေ​စေပြန်​သည်​...။

ကျွန်​​တော်​ ဒီထက်​ပိုပြီး နီးကပ်​သွားရင်
သူ့လက်​က လွတ်​​တော့မှာ မဟုတ်​မှန်းသိလိုက်​သည်​မို့ ချက်​ချင်းပဲ​ပြေးထွက်​ခဲ့ပြီး...
Noona၏လက်​ထဲသို့ ​ကော်​ဖီဗန်းအလွတ်​ကို ​လှမ်း​ပေးလိုက်​ရင်း...

" noona ဂျာကြီးကို​ပြော​ပေး ကျွန်​​တော်​အလုပ်​ထွက်​မယ်​"

" ဟင်​.."

အားလုံးက အံ့သြမှင်​သက်​စွာ ကျွန်​​တော့်​အားကြည့်​​နေသည့်​ အကြည့်​များကိုဂရုမစိုက်​ပဲ အ၀တ်​လဲခန်းထဲသို့ ​ပြေးလာခဲ့၏...။

ငိုချင်​​နေ​သော မျက်​လုံးများကို မျက်​ရည်​မကျ​စေရန်​ လက်​ဖြင့်​နာနာဖိထားလိုက်​သည်​...။
ကိုယ့်​နာမည်​ကို Oh Sehunဟု ​​ကော်​ဖီဆိုင်​မှာ လိမ်​ညာလိုက်​သည့်​ အ​ကြောင်းအရင်းသည်​ Sehun ဟု​ခေါ်သည့်​လူကို လွမ်းလွန်း၍သာ...။

တကယ်​တမ်း ရင်​ဆိုင်​ဖို့ကျ အင်​အားမရှိ...။
သူနဲ့​တွေ့ရဖို့လဲ​မျှော်​လင့်​မထား။
သက်​ပြင်းများရှုထုတ်​ရင်း...အ​င်္ကျီကို ခပ်​သွက်​သွက်​ပင်​လဲလိုက်​သည်​...။

ရင်​ဘတ်​ထဲမှ နာကျဉ်​မှုကိုဂရုမစိုက်​အား... သူ့ကို မျက်​နှာချင်းမဆိုင်​လို​တော့ပါ...။

♡ ♡ ♡ ♡ ♡

နေ့လည်ခင်း​​၀င်​​နေကျ ​ကော်​ဖီဆိုင်​တွင်​ ၀င်​ထိုင်​လိုက်​သည်​...။ ဒီဆိုင်​တွင် လာ​သောက်​ရခြင်းသည်​​​​ နာမည်​ကြီး​သော ​ကော်​ဖီအရသာ​ကြောင့်​မဟုတ်​...။ 

FASCINATION[Completed]Where stories live. Discover now