အပိုင်း (၁၂)

580 42 0
                                    

( 12 )

"Han..မင်းအကုန်​လုံးကိုသတိရ​နေပြီလား "

Han ​လက်​ထဲမှ အ​အေးဗူးကို အလကား​နေရင်း တစ်​​ဒေါက်​​ဒေါက်​​ခေါက်​​နေ​သော​ကြောင့်​ တိတ်​ဆိတ်​​နေ​သောအိမ်​ကြီးထဲတွင်​ တစ်​​ဒေါက်​​ဒေါက်​မြည်​သံက ကျယ်​​လောင်​စွာမြည်​ဟီး​နေ၏....။

KAI၏အ​မေးကို luhanမ​ဖြေ​သေးဘဲ ဆိုဖာ​ပေါ်တွင်​ ပက်​လက်​လှန်​လှဲချလိုက်​ရင်း

" မသိဘူး hyungရာ....ကျွန်​​တော်​မ​ဖြေချင်​ဘူး "

အေး​ဆေးတည့်​ငြိမ်​လွန်း​နေသည့်​ luhanကြောင့်​ Kai ကဏှာမငြိမ်​ဖြစ်​​နေရသည်​...။ Han အားလုံးကိုသတိရလာရင်​...ဒီအိမ်​ကြီးကထွက်​သွား​ပေးရမှာ​လေ...Hanရဲ့ အ​ဝေးကြီးကိုထွက်​သွားရမှာ....။

" Han မ​ဖြေလို့မဖြစ်​ဘူးကွာ...မင်းတိတိကျကျ​ပြောအကုန်​လုံးကို မှတ်​မိ​နေတာလား "

" hyungက သိ​တော့​ရော ဘာလုပ်​မှာလဲ "

" ငါ့ကို​မေးခွန်းပြန်​မ​မေးနဲ့ luhan.... "

Kai၏အသံက မာ​ကြောလာသည်​...။ ​နွေည​သည်​ ရင်​ကိုပို၍ပူ​လောင်​​စေသည်​...။

" ကျွန်​​တော်​ ဘယ်​တုန်းကမှ သတိ​မေ့မ​နေခဲ့ဘူး hyung"

" ဘာ... "

ဆွံ့အသွားသည်​...။ ရင်​ထဲ ပူ​လောင်​လာရသည်​..။
Hanသည်​ အခြားလူတစ်​​ယောက်​ကဲ့သို့ တိကျပိုင်​နိုင်​စွာ ပြုစားနိုင်​ခဲ့၏...။

အားလုံးကို မျက်​ရည်​ကျ​အောင်​ ပီပြင်​စွာ သရုပ်​​ဆောင်​နိုင်​ခဲ့ပါ​ပေသည်​...။
ကျလာ​သော မျက်​ရည်​...။

Hznက ဘယ်​တုန်းကမှ သတိမ​မေ့ခဲ့ဘူး​ပေါ့...။

" hyungကိုယုံခဲ့တယ်​ လက်​ထပ်​ပွဲဖျက်​​ပေးဖို့​တောင်းပန်​တာ​လေဗျာ ကျွန်​​တော်​ချစ်တဲ့လူကို သတ်​ခိုင်းတာမှမဟုတ်​တာ... ဟက်​...hyung....ဘ၀က ခါးတယ်​ဗျ "

ဟုတ်​တာ​ပေါ့....han မင်း​ပြောတတ်​လိုက်​တာ ဘ၀ကခါးတာ​ပေါ့...မင်းကိုချစ်​မိတဲ့အတွက်​ ငါ့ဘ၀ကအဆိပ်​​တွေချည်းပြည့်​​နေခဲ့တာ​လေ....။

Han အသံကတည်​ကြည်​ပြတ်​သား​နေကာ...နှလုံးသားအား အလွှာလွှာပိုင်းကာ ​သွေးစိမ်းရှင်​ရှင်​ထွက်​​စေသည်​အထိ ​အေးစက်​လှ​သော စကားများ​ကြောင့်​​ နှလုံးသားတစ်​ခုလုံး ကွဲ​ကြေသွားပြီထင်​၏...။

FASCINATION[Completed]Where stories live. Discover now