အပိုင်း (၁၃)

565 44 4
                                    

( 13 )

အတိတ်​ကိုသာ ပြန်​ပြင်​ခွင့်​ရှိမယ်​ဆိုရင်​ han ကျွန်​​တော့်​ဘ၀ထဲကို စ​ရောက်​လာတဲ့​နေက စပြင်​မယ်​။

ပန်းအိုးအကြီးကြီးကို န​မော်​နမဲ့ဝင်​တိုက်​ခဲ့တဲ့ ဖြူဖြူပါးပါး​ကောင်​​လေးတစ်​​ယောက်​ကို အပြုံး​တွေနဲ့ ကြိုဆိုဖြစ်​ခဲ့မယ်​ထင်​တယ်​...။

ကုမ္ပဏီစာရင်းချုပ်​ဆိုတဲ့ အ​ရေးမပါတဲ့ စာအုပ်​တစ်​အုပ်​ကိုလဲ hanကိုဖမ်းမသွား​စေဖို့ လိုက်​လိုက်​​လျော​လျော ​ပေးမိဦးမှာ....။

ဘာမှမရှိခဲ့တဲ့ဘ၀မှာ hanက ကျွန်​​တော့်​အမုန်း​တွေကို ​ကြေ​အောင်​​ချေမယ်​လို့​ပြောပြီး အခုကျွန်​​​တော်​က hanရဲ့အမုန်း​တွေကို ​ကြေ​အောင်​ဆပ်​​နေရတယ်​.။ han မရှိ​တော့ဘူးဆိုတဲ့အသိ...။

ကျွန်​​တော်​အနိုင်​ကျင့်​ပြီး
နှိပ်​စက်​ခဲ့တဲ့ ​ကောင်​​လေး...ကျွန်​​တော်​ "ချစ်​တယ်​"
ဆိုပြီး ဒဏ်​ရာ​တွေချည်း​ပေးမိခဲ့တဲ့ က​လေး...။
သူမရှိ​တော့ဘူး....ကျွန်​​တော့်​ကို အသက်​နဲ့ရင်းပြီး
နာကျဉ်​စရာ​တွေနဲ့အမြင်​မှန်​​တွေရ​အောင်​ လမ်းပြ​ပေးခဲ့တဲ့ က​လေး...။

" ချစ်​တယ်​ " ဆိုတဲ့စကားက အဲ့​လောက်​ထိစွမ်းတာ...မသိခဲ့တာ နာတယ်​...။

စိတ်​ငြိမ်​​ဆေး​တွေ အ​သောက်​များပြီး ​ဆေးရုံ​ရောက်​ခဲ့ရတယ်​ က​လေးရဲ့...။ကျွတ်​စ့်...​ပြောရင်းနဲ့ ကျွန်​​တော့်မျက်​လုံး​တွေ ​အောင့်​လာလိုက်​တာ....။ အား....ငိုမိပြန်​ပါပြီ...။

မငိုမိ​အောင်​ လက်​ထဲက​ဆေးလိပ်​ကို တစ်​ရှိုက်​ဖွာပြီး ကြည်​​တောက်​​နေတဲ့ ရုံးခန်းနံရံဖန်​သား​တွေဆီ မှုတ်​ထုတ်​လိုက်​တယ်​...။ အမုန်း​တွေကလဲ အခုမှုတ်​ထုတ်​လိုက်​တဲ့ ​ဆေးလိပ်​​ငွေ့​တွေလို ကိုယ့်​ဆီပဲပြန်​လာတတ်​ကြတာလား...။

နာကျဉ်​လိုက်​တာကွာ...။ ​ဆေးလိပ်​ကို ​ဆေးလိပ်​ခွက်​ထဲထည့်​လိုက်​ရင်းမျက်​လုံးကို မှိတ်​ချလိုက်​​တော့ ပါးပြင်​​ပေါ်က ပူ​​လောင်​တဲ့စီး​ကြောင်းတစ်​ခု..။

မျက်​ရည်​​တွေ...။ ပါး​တွေကပါပူ​လောင်​လာတယ်​..။ ရင်​ထဲမှာ နင့်​ ခနဲ...။ တစ်​စုံတစ်​​​ယောက်​က ရင်​၀ကိုအင်​နဲ့အားနဲ့ ဆီးပြီးကန်​လိုက်​သလိုမျိုး...ကိုယ့်​ရင်​ဘတ်​ကို ဖိပြီး အသက်​ကိုဝ​အောင်​ရှုလိုက်​တယ်​...။

FASCINATION[Completed]Où les histoires vivent. Découvrez maintenant