အပိုင်း (၅)

583 57 5
                                    

( ၅ )

" ​Myung Sehunက အခု Chinaမှာရှိနေတယ်
အရင်​တစ်​​​ခေါက်​ကလို အလွဲလွဲအ​ချော်​​ချော်​မဖြစ်​​စေချင်​ဘူး ဒီတစ်​ခါ ​သေချာစီစဉ်​ထားတာ လိုချင်​တယ်​ "

" ဟုတ်​ကဲ့ပါ boss ကျွန်​​တော်​ အားလုံးစီစဉ်​ထားပြီးသားပါ "

" ငါ ကုမ္ပဏီစာရင်းချုပ်​ကိုရမှဖြစ်​မယ်​ "

" boss ခိုင်းတဲ့အတိုင်းပါပဲ "

Myungထွက်​သွားပြီးသည့်​​နောက် အရက်​ခွက်​ထဲသို့ ​ရေခဲတုံးကိုထည့်​လိုက်​ပြီး စိမ်​​ပြေန​ပြေ​ အရသာခံ၍​သောက်​​နေလိုက်​သည်​...။

Sehun ဟု​ခေါ်​သော Oh Sehun ဆိုသည့် ​​ကောင်​သည်​ ငယ်​ငယ်​ထဲက ​Khunထက် အရာရာသာသူ...
။ ပစ္စည်းဥစ္စာ....ရုပ်​ရည်​...ပညာ​ရေး...အရာရာ ဘာမျှယှဉ်​၍မရ​လေခဲ့...။

ကုမ္ပဏီကြီးတစ်​ခုကို နှစ်​​ယောက်​ဦး​ဆောင်​​နေရခြင်းသည်​ Khunအတွက်​ ​တော်​​တော်​စိတ်​ဒုက္ခ​ရောက်​​စေသည့်​ အဖြစ်​ပင်​ဖြစ်​သည်​မို့...Sehunပိုင်​ဆိုင်​သမျှ ကုမ္ပဏီအားလုံး၏  ကုမ္ပဏီစာရင်းချုပ်​ကိုသာ ပိုင်​ဆိုင်​ရပါလျှင်​...။

ဣစ္ဆာသယ​အ​တွေးများ ကိန်း​အောင်းနစ်​၀င်​​နေခဲ့​သော
စိတ်​သည်​ ငယ်​စဉ်​ကထဲကစွဲေ​နသည်မို့​ဖျောက်​မရ...။ Sehun ပိုင်​ဆိုင်​​သောအရာမှန်​သမျှ ပိုင်​ဆိုင်​လိုသည်​....။

Sehun ၏စည်းစိမ်​ဥစ္စာ အရာရာသည်​ မကြာမီ
မိမိလက်​ထဲ​ရောက်​မည့်​အ​ရေးကို​တွေးကာ ​ကျေနပ်​​နေခဲ့ရပါ၏...

_____________________________

Sehun ​​ဈေးထဲမှပြန်​လာပြီး တစ်​ပတ်​စာအတွက်​ ဟင်းချက်​ရန်မီးဖို​ချောင်​ထဲ ကိုယ်​တိုင်​၀င်​ကာ ချက်​ပြုတ်​​နေလိုက်​သည်​..။

တစ်​​ယောက်​ထဲ​နေလာသည့်​အချိန်​တွင်​လဲ ကိုယ်​တိုင်​ချက်​ပြုတ်​တတ်​သူမို့....။

Luhanက​တော့ မိမိကပ်​ထားခဲ့သည့်​စာကိုမြင်​ပြီး ဘယ်​လို​နေမလဲမသိ

နဂိုထဲက က​လေးလိုလို ဘာလိုလိုနှင့်​ ၀တ်​ပုံစားပုံကလဲ နို့နံ့မစင်​​သေးတဲ့က​လေးလို...။ မုန်းပါပြီဆိုမှ တစ်​ခုမှကြည့်​မရ​တော့တာမျိုး..။

FASCINATION[Completed]Where stories live. Discover now