အပိုင်း (၆)

578 56 9
                                    

( 6 )

နီညို​ရောင်​ရှပ်​အင်္ကျီ လက်​ရှည်​ကို တံ​တောင်​ဆစ်​​ရောက်​သည်​အထိ​ခေါက်​တင်​ပြီး တိုက်​ခန်းတံခါးကိုဖွင့်​ကာအထဲဝင်​သွားလိုက်​သည်​...။

ဦး​လေးကိုအ​ကြောင်းပြပြီးHan ကိုရှာရန် Tokyoအထိလိုက်လာခဲ့သည်ကို​​​​​​အိမ်​ကသိလျှင်​မိုးမီး​လောင်​​ပေလိမ့်​မည်​...။

Hanကို မ​တွေ့မချင်း Tokyoတွင်​​နေရမည့်​အ​ခြေအ​နေ
မို့ ​ရေမိုးချိုးပြီးလျှင်​ လိုအပ်​သည့်​မီးဖို​ချောင်​သုံးပစ္စည်းများကို ၀ယ်​ယူရ​ပေဦးမည်​...။

ရေပိုက်​ကို ဖွင့်​ကာ ဦး​ခေါင်း​ပေါ်သို့ ​ရေ​​အေးများ​ရောက်​ရှိလာသည့်​အခိုက်​ Han ဆိုသည့်​ အ​တွေးများ တစ်​ခါထဲပါသွား​စေချင်​ပါ၏....။

သို့​သော်​ Hanကို မုန်း၍မရ...။ သနား၍ချစ်​မိခဲ့သည်​လား.....။
ချစ်​၍ပဲ သနားခဲ့သည်​လား....။

အ​ဖြေရှာ၍မရ​သော အချစ်​ကိုမိမိကိုယ်​တိုင်​လဲ နားမလည်​...။Hanကို ရှာမည်​ဟုသာ ​ပြော​နေသည်​..။ ဘယ်​​နေရာတွင်​ရှာရမည်​မသိ...။

လမ်းမ​ပေါ်တွင်​ ရှုပ်​ယှက်​ခတ်​ ​နေ​သော ကားများက Kai၏စိတ်​ကိုပို၍ ရှုပ်​​ထွေး​စေပါ၏...။ Taxi ကို လူရှင်း​သော လမ်း​ဘေးစတိုးဆိုင်​ငယ်​တွင်​ရပ်​​စေကာ စတိုးဆိုင်​ထဲဝင်​လိုက်၏....။

စတိုးဆိုင်ထဲအ၀င်​​...ဖျတ်​ခနဲမြင်​လိုက်​ရ​သော လူတစ်​​ယောက်​​အနားသို့ အ​ပြေးသွားပြီး... ထိုလူ၏လက်​​မောင်းကို ဆွဲလိုက်​လျှင်

"Han... "

" ဟင်​..hyung.. "

ဟုတ်​ပါသည်​ hanမှ Hanအစစ်​....။

" Hyung Tokyoကိုဘာလာလုပ်​တာလဲ "

" ငါ...ငါ့ဦး​လေးက ငါ့ကို​ခေါ်လို့ "

" ဪ... Tokyoမှာ ဦး​လေးရှိတာ Hyungမှမ​ပြောတာ "

" မင်း​ရော ဘာလာလုပ်​တာလဲ "

Han၏မျက်​နှာ ချက်​ချင်းညိုး​လျော်​သွား၏...။

" ကျွန်​​တော်​.....စားစရာလာဝယ်​တာ Hyung"

" ဘာဖြစ်​လို့လဲ Han ​နေမ​ကောင်းဘူးလား မင်းအ​ဖေ​ရော "

" ​ဖေ​ဖေက အိမ်​မှာရှိတယ်​ ကိုယ်​တိုင်​၀ယ်​ချင်​လို့ အိမ်​ကထွက်လာတာ "

FASCINATION[Completed]Where stories live. Discover now