အပိုင်း (၈)

603 52 0
                                    

အိမ်​ခြံဝတံခါးကို တွန်းဖွင့်​ပြီး အိမ်​ထဲကိုဝင်​လာလိုက်​သည်​။ မိမိအိမ်​ပြန်​လာမည်​ကို သိသဖြင့်​ ခြံတံခါးကို ​သော့ခတ်​မထား...။

" ကျွန်​​တော်​ ပြန်​​ရောက်​ပြီ ​အ​ဖေ "

" ​အေး သား အိပ်​ချည်​​တော့ ကားကလဲညဉ့်​နက်​​လိုက်​တာ "

" ဟုတ်​ကဲ့ အ​ဖေ "

အိမ်​​ရှေ့ ပက်​လက်​ကုလားထိုင်​​ပေါ်တွင်​ ထိုင်​​နေရင်း မိမိပြန်​အလာကို ​စောင့်​​နေ​သော အ​ဖေက ​ပြော​ရင်းပင်​ အိပ်​ယာဝင်​သွား​လေသည်​။ အိမ်​​ပေါ်ထပ်​သို့ တက်​လားပြီး အသင့်​ပြင်​​ပေးထား​သော အိပ်​ယာတွင်​လှဲကာ အိပ်​လိုက်​​သော်​လဲ မျက်​လုံးက အိပ်​မရ...။

မီးပိတ်​ထားသဖြင့်​ ဖုန်းမှန်​ပြင်​မှလင်း​နေ​သော အလင်း​ရောင်​တစ်​ခုသာ ရှိ​နေသည်​...။ ဖုန်း content တွင်​ မှတ်​ထားသည့်​ နာမည်​ကိုသာ ကြည့်​ရင်း သက်​ပြင်းချမိလိုက်​သည်​...။ စတိုးဆိုင်​တွင်​ ​တွေ့ပြီး​နောက်​ပိုင်း hanကို အရိပ်​အ​ယောင်​ပင်​မ​တွေ့ရ...။

ဖုန်းဆက်​​တော့လဲ အမြဲတမ်း...ဆက်​သွယ်​မှုဧရိယာပြင်​ပ.. .။
အားငယ်​လာသည်​...။ သိမ်​ငယ်​ရသည်​....။

ဒီအချိန်​ han...အိပ်​​နေ​မည်​ဆိုသည်​ကိုသိ​သော်​လဲ
လက်​က မ​နေနိုင်​စွာ..အလွတ်​ရ​နေ​သော ဖုန်းနံပါတ်​ကို နှိပ်​မိလိုက်​သည်​...။

"... တီး....တီး.... "

ရင်​ထဲ ထိတ်​ခနဲဖြစ်​သွားပြီး အိပ်​​နေရာမှ ထ ထိုင်​လိုက်​မိသည်​...။ ဒါ...ဖုန်းဝင်​သွားတာမဟုတ်​လား...။

လည်​​ချောင်းများ ​ခြောက်​လာပြီး ​ရေငတ်​လာသလိုခံစားရသည်​....။ အလိုလို​နေရင်း ​မောဟိုက်​လာသလို..။han၏ တုန့်​ပြန်​သံကို ကြားချင်​လှပြီ....။
နားအနားကပ်​ထားသည့်​ဖုန်းကို ပို၍ကပ်​ထားမိသည်​...။

ဒီ​ဖုန်းဝင်​သံကနှင့်​ ကျွန်​​တော့အတွက်​...ဘာနဲ့မှလဲမရတဲ့ ​ပျော်​ရွှင်​မှု...။ သို့​သော်​ ..​ပျော်​ရွှင်​မှုက ကြာကြာမခံ...။

'" ဟဲလို..."'

တစ်​ဖက်​မှ တုန့်​ပြန်​သံသည်​ ham၏အသံမဟုတ်​...။

FASCINATION[Completed]Where stories live. Discover now