Extra 1

705 48 20
                                    

( Extra  )

မနက်​ခင်း​ရောင်​ခြည်​နုနုသည်​ ဖွင့်​ထား​သောပြူတင်းတံခါးဆီမှ အဖြူ​ရောင်​လိုက်​ကာကိုထိုး​ဖောက်​ကာ
မျက်​နှာ​ပေါ်ကျလာသဖြင့်​ စိပ်​ရှုပ်​စွာ အိပ်​ယာထက်​တွင်​လူးလွန့်​လိုက်​၏...။

ခြုံထား​သော​စောင်​ကို အ​ပေါ်ဆွဲယူလိုက်​ပြီး နံ​ဘေးကိုလက်​ဖြင့်​စမ်းကြည့်​​တော့ သူ ရှိမ​နေ​တော့...။ အိပ်​မှုန်​စုံမွှားဖြင့်​ နာရီကိုကြည့်​သည်​။

" ဟမ်​... "

မနက်​ရှစ်​နာရီပင်​ရှိ​နေပါပြီ...။ ဒီအချိန်​ထိမအိပ်​စဖူး အိပ်​မိသည့်​ ကိုယ့်​ကိုယ်​တိုင်​လဲမယုံနိုင်​...။ ကျွန်​​တော်​၏ ချစ်​ရလွန်းသည့်​ ​​ယောက်ျားသည်​ ကျွန်​​တော့်​ကို မနှိုးပဲ အရင်​အိပ်​ယာထသွားပြန်​ပါပြီ..။

မ​နေ့တုန်းက​ရော
ဟိုတစ်​​နေ့တုန်းကပါ....မနှိုးပဲ ဒီတိုင်းထားခဲ့သည်​။
ကြားလျှင်​ အလုပ်​မရှိအကိုင်​မရှိ လူပျင်းဘ၀​ရောက်​ရ​တော့မည်​...။

ကိုယ်​ကို​ထွေးလုံးရစ်​ပတ်​ကာ ​ခြုံ​ပေးထားခဲ့​သော ​စောင်​သည်​ ​စောင်​နှင့်​မတူ​တော့ပဲကလေးအနှီးအထူစားကြီး
နှင့်​ပို၍ တူ​နေပါ​သေးသည်​...။

စောင်​ပုံထဲမှ မနည်းထွက်​လာခဲ့ပြီး မျက်​နှာသွားသစ်​ရန်​ပြင်​၏..။ ရှုပ်​ပွ​နေ​သော
ဆံပင်​များကလဲ စည်း​နှောင်​မထားသဖြင့်​ ​ခေါင်း​ပေါ်တွင်​ ​ကောက်​ရိုးပုံကြီးပမာ ရှိ​နေလိမ့်မည်​။

ဒါကိုဂရုမစိုက်​ပဲ 
ရေချိုးခန်းထဲသို့သာ လာခဲ့လိုက်​​တော့သည်​...။ မျက်​နှာသစ်​ကာ သွားကိုတိုက်​သည်​...။
မ​သေမသပ်​ဖြစ်​​နေ​သော ဆံပင်​များအား လက်​​ချောင်းများကိုဘီးသဖွယ်​သုံး၍ လက်​တွင်​အသင့်​စွပ်​လျက်​ပါလာ​သော သား​ရေကွင်းဖြင့်​ စည်းလိုက်​သည်​။

အတွင်း​ရေးမှုးလုပ်ရမည့်​​နေ့ ဘယ်​​တော့​ရောက်​မည်​မသိ။ အိမ်​မှာ​နေဦးမည်​ဟုဆိုကာ အိမ်​ထဲမှာပဲ​သောင်​တင်​​နေသည်​က သုံးရက်​​လောက်​ရှိ​နေပါပြီ...။

မျက်​နှာသစ်​ပြီးတာ​တောင်​ အိပ်​ချင်​​နေသည့်​မျက်​လုံး​ကြောင့်
မျက်လုံးမဖွင့်ဘဲ ​​​ရေချိုးခန်းထဲမှထွက်​လာခဲ့သည်​..။

FASCINATION[Completed]Where stories live. Discover now