အပိုင်း (၂)

795 59 2
                                    

Chinaလေဆိပ်​ကို​ရောက်​​ရောက်​ချင်းမှာပဲ
Sehunကိုအသင့်​လာကြိုသည့်​လူတစ်​စု​နောက်
ေ​ရာ​ယောင်​လိုက်​သွားမိသည်​။ Sehunက​တော့ ​ရှေ့ဆုံးကဦး​ဆောင်​သွားသည်​...။

အ​နောက်​တိုင်းဝတ်​စုံပြည့်​လူ​လေး​ယောက်​၏ ​နောက်​တွင်​မှ....အူတူတူနှင့်​ ကျွန်​​တော်​က အထုတ်​များစွာနှင့်​..။ မည်​သူမှလဲ ကူ၍မသယ်​..။
မည်​သူ့ကိုမျှ အကူညီမ​တောင်းမိ...။

ကား​ပေါ်တက်​လိုက်​သည်​နှင့်​ Sehunနှင့်​ကျွန်​​တော်​ နှစ်​​ယောက်​ထဲ ဆိုသည့်​အ​တွေးက ​ခြောက်​ခြား​စေသည်​..။ဇာတ်​ကား​တွေထဲကလိုဆို Sehunက လူဆိုးဂိုဏ်း
မူးယစ်​​ဆေးဝါးဂိုဏ်း​တွေများလား...။ Sehunရဲ့ မျက်​နှာထားကိုကြည့်​​တော့လဲ ခါတိုင်းလိုတည်​ငြိမ်​​နေ၏..။

အိမ်​ကိုပြန်​ချင်​သည်​...။ သူ့​ကြောင့်​ ပညာ​ရေးကိုလက်​လွှတ်​ခဲ့ရပြီ...။ အ​ဝေးသင်​ဘွဲ့တစ်​ဘွဲ့ရပြီးမှ​တော့ သာမာန်​ကုမ္ပဏိတစ်​ခုခုမှာ အလုပ်​ရနိုင်​​ခြေရှိ​လောက်​မည်​။

လေယာဉ်​စီးရသည်​ကို ​ကြောက်​သည်​..။ ​လေ​ပေါ်တွင်​ပျံဝဲ​နေပြီး တစ်​ချက်​တစ်​ချက်​ ​အောက်​ကို အမှတ်​မထင်​နိမ့်​ဆင်းသွားလျှင်​ အူထဲအသည်းထဲ ​အေးခနဲဖြစ်​သွားသည်​က ​ဇော​ချွေးပျံ​စေသည်​အထိ...။

Sehunက​တော့
ဆန့်​ကျင်​ဘက်​...။ ​အေး​အေး​ဆေး​ဆေး​နေနိုင်​သည်​...။
အခု ကား​​တောင်​ကိုယ်​တိုင်​​မောင်း​နေပြီမဟုတ်​လား။

" ၀ါး...

luhanတစ်ချက်​​​သမ်း​ဝေလိုက်​ပြီး ကားခုံကိုမှီကာ
အိပ်​​ပျောသွား​လေသည်​ ။ 

ခေါင်းချလျှင်​ချက်​ချင်းအိပ်​​ပျော်​တတ်​သူမို့...။ အဖြူ​​ရောင်​ကား​လေးကား
အ​ဝေး​ပြေးလမ်းမ​ပေါ်တွင်​ တစ်​ရိပ်​ရိပ်​....​ပြေး​နေလျက်​။

>>>>>>>>>>

" အင်း.... "

ညည်းသံတစ်​ချက်​နှင့်​အတူ ဆတ်​ခနဲမျက်​လုံးပွင့်​လာလျှင်​ မျက်​လုံးများပြူးကျယ်​ကာ အံ့သြသွားရသည်​။မှောင်​​နေပြီ...။ ​တော်​​တော်​​လေးကို ​မှောင်​​နေတာ...။

FASCINATION[Completed]Donde viven las historias. Descúbrelo ahora