The End

559 40 12
                                    

Extra - 2

" အဖြူ​ရောင်​ယူမယ်​ "

" မရဘူး အနက်​ပဲယူမှာ "

" ညီမ အဖြူ​ရောင်​ပဲလုပ်​လိုက်​ပါ... "

" အစ်မ ​အနက်​​ရောင်​​လေးပဲယူမှာပါဗျ "

ဆိုင်​မှ ၀န်​ထမ်း​ကောင်​မ​လေးမှာ သူတို့နှစ်​​ယောက်​၏မျက်​နှာကို တစ်​​ယောက်​တစ်​လှည့်​စီကြည့်​ရင်း
စိတ်​အိုက်​​နေဟန်​တူ၏...။ လက်​ထဲမှ စာရင်းစာအုပ်​နှင့်​ပင်​ ယပ်​ခတ်​​နေ​လေပြီ...။

Xiao.မင်းက ငါ့ကို ဂလန့်​တိုက်​ဖို့​မွေးလာတာလား ။ အခုလဲ သတို့သားဝတ်​စုံ မှာဖို့အ​ရေး..ကိုယ်​က အဖြူဆိုရင်​ သူကအနက်​...။

" အဖြူ​ရောင်​​လေးပဲလုပ်​လိုက်​ညီမ နှစ်​ထည်​လုံး "

" အနက်​မယူရင်​ မင်္ဂလာပွဲဖျက်​လိုက်​​တော့ "

ကဲ...ကြည့်​....ဒီ​ကောင်​​လေး တမင်​ဂျီကျ​နေတာ..။
စိတ်​​ကောက်​ပြီး ဆိုင်​ထဲကထွက်​သွားသည်​မို့....လိုက်​​ချော့ရပါဦးမည်​....။

ထို့​ကြောင့်​...Sehun ကိုယ့်​အတွက်
အဖြူ...သူ့အတွက်​ အနက်​​ရောင်​သီးသန့်​ ချုပ်​​ပေးရန်​ မှာထားခဲ့ရပါ​တော့သည်​...။

" ညီမ အစ်​ကို့အတွက်​က အဖြူ​ရောင်​ သူ့အတွက်​ကိုအနက်​​ရောင်​​လေး ချုပ်​​ပေးပါ...ဒီဇိုင်းက ပြောထားပြီးသား 17 ရက်​​နေ့မ​ရောက်​ခင်​​လေး လာပို့​ပေးပါ "

" ဟုတ်​ကဲ့ "

ဝန်​ထမ်း​ကောင်​မ​လေးကို မှာထားခဲ့ပြီး ဆိုင်​​ရှေ့ကားရပ်​ထားသည့်​​နေရာ သို့အ​ပြေးလာခဲ့ပြီး ကားထဲဝင်​သည်။

ကိုယ်​​တော်​​ချောက လက်​က​လေးပိုက်​လို့...မျက်​​မှောင်​ကျုံ့ကြီးနဲ့ ​ရွှေစိတ်​​တော်​ငြိုငြင်း​နေ​လေရဲ့...။

" စိတ်​မ​ကောက်​နဲ့ ​တော့ကွာ​ အနက်​​ရောင်​မှာထားခဲ့တယ်​..."

" ​တော်​ပါဗျာ ခင်​ဗျားပဲအသုဘ အ​ရောင်​ကြီးလို့​ပြောပြီး ခင်​ဗျားကြိုက်​တဲ့ အဖြူပဲဝတ်​ပါ... "

" ကိုယ့်​အတွက်​က အဖြူ​ရောင်​ က​လေးအတွက်​က
အနက်​​ရောင်​...​တွေးကြည့်​...အဖြူနဲ့အနက်​ ဘယ်​​လောက်​လိုက်​ဖက်​လဲ... "

You've reached the end of published parts.

⏰ Last updated: Mar 28, 2019 ⏰

Add this story to your Library to get notified about new parts!

FASCINATION[Completed]Where stories live. Discover now