အပိုင်း(၁)

19.4K 588 11
                                    

မိုးမြေစက်ဝန်း

အပိုင်း(၁)

အပန်းဖြေ ပန်းခြံလေးထဲမှာ ညနေခင်းမို့ လူတစ်ချို့ အေးချမ်းစွာ အနားယူလို့ နေပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေ ပန်းပင်လေးတွေ အပြင် ကလေးကစားတဲ့ နေရာလေးတွေပါ လုပ်ထားတာမို့ ကလေးတွေလည်း အတော်များများ ရှိဆော့နေကြပါတယ်။ ဆော့နေတဲ့ ကလေးတွေထဲမှာ နှစ်မျိုးနှစ်စား ကွဲနေတာတော့ သိသာလှပါတယ်။ ခပ်ကဲကဲလေးတွေ အဖွဲ့လိုက် ဆော့နေတာ ပေတူးနေ ကြပေမယ့် ကျန်တဲ့ ကလေးတွေကတော့ သပ်ရပ်သန့်ရှင်းနေကာ မိဘတွေ လူကြီးတွေနဲ့ လာကြပြီး ငြိမ်ငြိမ်သက်သက်လေးသာ ဆော့နေကြတယ်လေ။

"သောက်လိုက်ပါ သားသားရယ်။ ဒါမကုန်ရင် တစ်ခြားမုန့်တွေ ဘာမှမစားရဘူးလို့ မေမေက မှာလိုက်တယ် မှတ်လား။"

မိုးသားရှိန် လက်ပြင်လေးကုန်းသွားပြီး သက်ပြင်းကို အသာချလိုက်ကာ တီတီ့စီက နို့ဘူးလေးကို လှမ်းယူလိုက်ရင်း သေချာစိုက်ကြည့်လိုက်ပါတယ်။ ဒီ နို့ဘူးတွေ ဘယ်သူက ထုပ်နေတာလဲ မသိဘူး။ မိုးသား အဲဒီ့လူတွေကို သွားပြီး သတ်ပြစ်ရမလား မသိ။ ဒါတွေ နေ့တိုင်းသောက်နေရတာ ပြင်းလာပြီ။ ဘာလို့ နေ့တိုင်းတိုက်နေမှန်းကို မသိဘူး။ မိုးသား အအေးဗူးကို ဖောက်ကာ သောက်သလို ပိုက်လေးနဲ့ စုပ်ပြလိုက်ပြီး ဘေးမှာအသာချ ထားလိုက် ပါတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ အားရပါးရဆော့နေတဲ့ ကလေးတွေကို ကြည့်ရင်း သဘောကျနေမိတယ်။ သူနဲ့ဆို ရွယ်တူလောက်တွေ။ သူလည်း အဲ့ဒီလို ဆော့ချင်တာပေါ့။ ဒါပေမယ့် မဖြစ်နိုင်တာ သိနေလို့ ဒီတိုင်းလေးသာ ပြုံးပြီး ထိုင်ကြည့်နေ မိတာလေ။

သူဘာပဲ ကစားကစား တီတီက အဖော်လိုက် လုပ်ပေးမှာ သိတယ်။ ဒါပေမယ့် သူများတွေလို အော်ဟစ်ပြီး ရီမောပြေးလွှားကာ ဆော့ချင်တာလေ။ ထိုင်နေရာမှ အခင်းပေါ်ကို မှောက်ချလိုက်ပြီး လက်နှစ်ဖက်ပေါ် မေးလေးတင်ကာ သောင်းကျန်းနေတဲ့ အဖွဲ့ကို ငေးနေလိုက် ပါတယ်။

"သားသား သွားဆော့လေ။ အိမ်မှာတုန်းက ဆော့ချင်တာဆို။ လာ တီတီနဲ့ သွားကစားမယ်။"

မိုးသား ခေါင်းကို အသာခါလိုက်ရင်း နှုတ်ခမ်းလေး ဆူလိုက်ပြီး

မိုးမြေစက်ဝန်း။ Where stories live. Discover now