အပိုင်း (၂၀)

3.5K 262 6
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၂၀)

"ပြောစမ်း နင်က ဘာကောင်လဲ။ မိုးသားရှိန်။"

"သမီး စကားကို ဘယ်လိုပြောလိုက်တာလဲ။"

မေမေ့စကားကြောင့် မိုးသား အံ့အားသင့်နေချိန်မှာ ဖွားဖွားက ချက်ခြင်းဝင်ပြောလာပါတယ်။

"ဖေဖေနဲ့ မေမေ အခန်းထဲ ခနဝင်နေပါလား။ သမီးတို့ သူ့ကို အရေးကြီးတာ ပြောစရာရှိလို့ပါ။"

တီတီ့စကားကြောင့် ဖိုးဖိုးက

"အေး သမီးတို့ ပြောကြပေါ့။ ဖေဖေတို့ အခန်းထဲ သွားကြတော့မယ်။ လာ အမေ ဝင်ရအောင်။"

"ကလေးကို ကိုယ်ထိလက်ရောက် မလုပ်နဲ့ မိုးသားချို။ ငါဒါပဲ ပြောမယ်။"

ဖိုးဖိုးကော ဖွားဖွားပါ သူတို့ အခန်းထဲ ဝင်သွားကြပါတော့တယ်။ ဘာဖြစ်လို့ ဖြစ်မှန်းမသိပေမယ့် ဘဝမှာ မေမေ ခုလောက်ဒေါသကြီးတာ တစ်ခါမှ မတွေ့ဖူး သလို တစ်ခါမှ လက်နဲ့တောင် မရွယ်ခဲ့တဲ့ မေမေက မိုးသား ပါးကို ရိုက်ချလိုက်တာ ထုံကျင်တက်သွားတာမို့ ဘယ်လောက်ဒေါသနဲ့ စိတ်ဆိုးနေမှန်း သိသာ လှပါတယ်။ အသားနာတာကော ဝမ်းနည်းတာကောကြောင့် ထင်ပါရဲ့ မိုးသား မျက်ရည်တို့ တစ်လိမ့်လိမ့် စီးကျလို့ လာပါတော့တယ်။ ဘာပြန်ပြောရမှန်းလဲ မသိသလို ပြောစရာ စကားလုံးလည်း ရှာမတွေ့။

"နင့်ကို ငါမေးနေတယ်လေ မိုးသားရှိန်။"

"မေမေ ဘာမေးမှန်း သားမှမသိတာ အီးဟီးဟီး။"

မိုးသား ငိုချလိုက်ချိန်မှာပဲ မိုးသား ဘေးကို တီတီ ရောက်လာကာ သူမလက်ထဲက ဖုန်းကို မိုးသားရှေ့သို့ ထိုးပြလိုက်ရင်း

"ဒီကောင်နဲ့ နင်က ဘာတွေလဲ မိုးသား ဟမ်။ ပြောစမ်း။ ဘာတွေလဲ။"

တီတီ့ဖုန်းထဲက ပုံတွေကို ကြည့်လိုက်တော့ ခုနလေးတင် ဘုရားပေါ်မှာ ရိုက်လာတဲ့ပုံ။ မိုးသား ရီပြီး ဆယ်ဖီ ဆွဲနေတာကို မြေကြီးက နောက်က ဝင်ပြီး နှုတ်ခမ်း ဆူကာ နမ်းနေတဲ့ပုံ။ မိုးသား ခေါင်းတွေ ထူပူလို့ သွားပါတော့တယ်။ ဒီပုံကို ချက်ခြင်း သူတို့ ဘယ်က ရတာပါလိမ့်။

မိုးမြေစက်ဝန်း။ Where stories live. Discover now