ဇာတ်သိမ်းပိုင်း

9.4K 493 63
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၂၂)
(ဇာတ်သိမ်းပိုင်း)

မိုးသားနဲ့ လူချင်းမတွေ့ရပေမယ့် Facebook ပေါ်မှာ စကားပြောလို့ ရနေတယ်။ မိုးသားကို မြင်နေရသေးတာမို့ တော်သေးတာပေါ့။ မိုးသား မျက်နှာလေး ကို တွေ့ချင်လွန်းလို့ မိုးသား အပြင်ထွက်ချိန်ကို စောင့်ရတာ အမော။ မိုးသား ဖွားဖွားကို နာရေးပို့တဲ့ နေ့မှာတော့ မြေကြီးက မိုးသားကို သွားပြီး စောင့် ကြည့်ခဲ့ ပါသေးတယ်။ မိုးသားက ပြန်ခါနီးမှ မြေကြီးကို တွေ့ပြီး လူမသိအောင် အသာလေး ခေါင်းငြိမ့်ပြ လေရဲ့။ ဒါကိုတွေ့ဖြစ်အောင်တွေ့ သွားသူက မိုးသားတီတီ။ မိုးသားကို ကားပေါ်တက်ခိုင်းပြီး ပြန်သွားကြပါတယ်။

အဲဒီနေ့က စပြီး မိုးသားကို မတွေ့ရတော့တာ အခုဆို တစ်ပတ်လောက်ပင် ရှိတော့မည်။ မိုးသား ကိုယ်တိုင်က အပြင်မထွက် ချင်လို့ မထွက်တာလို့ ပြောပေ မယ့် မြေကြီး မယုံဘူး။ မိုးသားကို သူ့အိမ်က ဘာတွေ ပြောထားလဲ။ ဘယ်လိုတွေ တင်းကြပ်ထားလဲ ဆိုတာ မြေကြီး သိချင်ပေမယ့် မိုးသားက ဘာမှ မပြောခဲ့။ ဘာပဲဖြစ်ဖြစ် မိုးသားကို လက်လွတ်ဆုံးရှုံး ခံမည် မဟုတ်ပေ။ မိုးသား ဆိုတာရှိမှ မြေကြီးဆိုတာလည်း ရှင်သန်နိုင်မှာကိုး။

မိုးသားပုံစံက အိမ်ကို ပြန်ရောက်တည်းက တစ်ယောက်ထဲ အထီးကျန်ဆန်နေတဲ့ပုံ ပေါက်နေတာ အမှန်ပါပဲ။ တစ်နေကုန် အခန်းအောင်း၊ ထမင်းစားချိန်သာ အောက်ထပ်ကို ဆင်းစားပေမယ့် ဘယ်သူနဲ့မှ စကားမပြောဖြစ်။ ဒီရက်ပိုင်း ဖိုးဖိုး ကျန်းမာရေးကြောင့် တီတီကလည်း အိမ်မှာ လာနေနေတော့ မိုးသား ပိုပြီး အနေရခက်လှပါတယ်။

ပြီးတော့ အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံးဟာ မိုးသားကြောင့် ဒီလောက်ထိ ကြီးကျယ်ခဲ့တာလေ။ မိုးသား ကိစ္စနဲ့ အားလုံး အခုတော့ စိတ် တွေ ဆင်းရဲနေကြရပြီ။ ဒါ့ကြောင့် ဘယ်သူနဲ့မှ စကားမပြော ဖြစ်သလို မျက်နှာချင်း ပင်မဆိုင်ဖြစ်ခဲ့။ ထမင်းဆင်းစားတိုင်း ဖိုးဖိုးကိုသာ ဝင်ကြည့်ဖြစ်ပါတယ်။ ခုလည်း မိုးသား ထမင်းမစားခင် ဖိုးဖိုးကို ဝင်ကြည့်တော့ အခန်းထဲမှာ ဖိုးဖိုး တစ်ယောက်တည်း ရှိနေလေရဲ့။

မိုးမြေစက်ဝန်း။ Where stories live. Discover now