အပိုင်း (၁၀)

3.7K 299 0
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၀)

ကားလေးကို မြေကြီးတို့ အိမ်ရှေ့မှာ ရပ်လိုက်ပြီး မိုးသား ကားပေါ်ကနေ ဆင်းလိုက်ပါတယ်။ ပြီးတော့ အိမ်လေးကို လှမ်းကြည့်လိုက် မိပါတယ်။ အိမ်လေးက သစ်သားနဲ့ သပ်သပ်ရပ်ရပ် ဆောက်ထားတာ သေးသေးနဲ့ ကျစ်ကျစ်လေး။ ဒါလည်း ဖိုးဖိုး ဆောက်ထားပေးတာပါ။ ခြံစည်းရိုးလေးကိုလည်း ကျောက်တိုင် လေးတွေ စိုက်ပြီး သံဇကာတွေနဲ့ သေချာ ကာထားပေးတာလေ။ ခြံတံခါးက ဟနေပြီး အိမ်တံခါးကလည်း ပတ်ကာလေးဟနေကာ အတွင်းက ပိတ်ထားတဲ့ပုံ ပေါ်နေတာမို့ မိုးသားခြံလေးထဲ ၀င်ခဲ့လိုက်ပါတော့တယ်။

ခြံထဲမှာ မြက်ပင်ခြုံပင်တွေ အတော်လေးထူထပ်နေ တာမို့ အတော်လေး ပစ်စလက်ခတ် နေနေပုံပါပဲ။ အိမ်နားကို အသာကပ်သွား ပေမယ့် မိုးသား အသံထွက်ပြီး မခေါ်ချင်တာမို့ အသာလေးပဲ အိမ်လေးနားကို လျှောက်သွားမိပါတယ်။ အိမ်ရှေ့ မှာ သံဇကာလေး ကာထားတာမို့ အထဲမှာ မြေကြီးများ ရှိနေ မလားလို့ ချောင်းကြည့်မိတော့ တစ်ယောက်မှ ရှိမနေပါ။

အိမ်ထဲမှာ ဘုရားစင်က ပန်းတွေ ညှိုးခြောက်နေသလို အိပ်ယာကလည်း ဒီတိုင်း မသိမ်းပဲ အ၀တ်အစားတွေကလဲ ပွနေတာပဲ။ မြေကြီး အိမ်မှာ ရှိပုံမပေါ်ဘူး။ မြေကြီးရဲ့ အိပ်ယာခေါင်းရင်းက ဗူးလေး တစ်ဗူးကို တွေ့မိချိန်မှာတော့ မိုးသားတစ်ချက်တွေ ခနဲဖြစ်သွားပါတော့တယ်။ အဲဒီ့ဗူးလေးက မိုးသား ငယ်ငယ်က သောက်လေ့ရှိတဲ့ နို့ဘူးလေး။ မိုးသားကို များစွာစိတ်ပျက်စေခဲ့တဲ့ ဗူးလေးလေ။

ဖျတ်ခနဲ မျက်လုံးထဲမှာ မြင်ယောင်လာမိတာက မိုးသား သူ့ကိုစတွေ့တဲ့ နေ့က အဖြစ်လေး။ မိုးသား အိမ်တံခါးလေးကို သွားတွန်းကြည့်တော့ စေ့ထားတာမို့ ပွင့်သွားပါတယ်။ မိုးသား ခုနက ဗူးလေးကို သွားကိုင်ကြည့်မိတော့ ဖုန်တွေနဲ့ မို့ ခါထုပ်လိုက်ရပါသေးတယ်။ သေချာတာပေါ့ ဒါဟာ မိုးသား သောက်နေကျ နို့ဗူးလေးပါပဲ။ အဲဒီ့နေ့က မိုးသားရှေ့မှာတင် မြေကြီး ဒီဗူးလေးကို အမှိုက်အိတ်ထဲ ထည့်လိုက်တာ သေချာမြင်လိုက်တာပါ။

မိုးသား ကိုလိုရာဆွဲတွေးနေမိတဲ့ အဖြစ်ကို တွေးရင်း ပြုံးလိုက်မိပါတယ်။ ဒါမြေကြီးဝယ်သောက်ထားတာလဲ ဖြစ်နိုင်တာပဲလေ။ မိုးသားရုတ်တရက် အရောင်လွင့်နေတဲ့ ကော်ဗူးလေးရဲ့ ဖင်ပိုင်းကို လှည့်ကြည်လိုက်ပါတယ်။ ရင်တွေဒိန်းခနဲ စောင့်ခုန်သွားမိတဲ့ အထိပါပဲ။ ဒီဘူးလေးရဲ့ အောက်ခြေမှာ ရေးထားတဲ့ ရက်စွဲလေးက လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ခန့်က။ ဒါဆို မြေကြီးက ဒါလေးကို သေချာ သိမ်းထားခဲ့တာပေါ့။ ပျော်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒီလောက် နှစ်တွေကြာတာတောင် ဒီဗူးခွံလေး သိမ်းထားတာက မိုးသားကို သတိရနေသေးတယ် ဆိုတဲ့ သဘောပဲလေ။

မိုးမြေစက်ဝန်း။ Where stories live. Discover now