အပိုင်း (၆)

3.6K 316 3
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၆)

ကားကို ရပ်လိုက်တာနဲ့ မိုးသား ကားပေါ်မှ ဆင်းကာ အပေါ်ထပ်မှာ ရှိတဲ့ သူ့အခန်းလေးရှိရာကို ပြေးတက်သွားပါတော့တယ်။

"အငယ်လေး သားသား ဘာဖြစ်လာတာလဲ။"

"ဘာဖြစ်ရမှာလဲ ဖေဖေရယ်။ ဟိုကလေး တစ်ယောက်လေ အခုအိမ်ရှေ့ထိ သားသားကို လာချောင်းနေလို့ သမီးပြောလွှတ် လိုက်တာ။ အဲဒါဖေဖေ့မြေးက ငိုနေလေရဲ့။"

"သမီးရယ် ကလေးတွေ ဆိုတာ ဖြူစင်ကြသလို တစ်အားလည်း ခင်တွယ်တက်ကြတယ်လေ။ အရမ်းလည်း မြေးလေးကို တင်းကျပ်မနေပါနဲ့။"

"ဒီလောက် တင်းကျပ်ထားတာတောင် ဖေဖေ့ မြေးခံလိုက်ရသေးတယ်လေ။ မျက်နှာသာ လွှဲထားရင် ဘယ်လိုလုပ်မလဲ။"

"အင်း။ ခက်လိုက်တာကွယ်။"

ဖိုးဖိုး တက်လာတဲ့ အသံကြားတာမို့ မိုးသား အခန်းတံခါးဖွင့်ကာ အခန်းထဲမှာ ငိုနေရာမှ အခန်းတံခါးကို ပြေးပိတ်လိုက်ပါတယ်။ အခန်းဝမှာ ခြေသံကရပ် သွားပြီး ခနနေတော့ ပြန်ဆင်း သွားတာ ကြားရပါတယ်။ အခုချိန်မှာ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး။ စိတ်ထဲမှာ ၀မ်းနည်းတာပဲ သိနေတယ်။ အမြန်ဆုံး လူကြီးတစ်ယောက်ဖြစ်လိုက် ချင်ပါတယ်။ ဒါမှဒီလို အိမ်ကတကောက်ကောက်လိုက် နေတဲ့ ဘ၀က လွတ်မှာလေ။ (၁၀) နှစ်စာလောက် အတိုင်းအတာကို ချက်ခြင်းခုန်ကျော်လို့ ရရင်သိပ်ကောင်းမှာပဲ။

........................

မိုးသား Private ကျောင်းတစ်ကျောင်းမှာ တက်နေတာပါ။ ဒါပေမယ့် ကျောင်းမှာ ဘယ်သူငယ်ချင်းနဲ့မှ မပေါင်းဖြစ်တော့ ပါဘူး။ ကျောင်းမှာ အဆင့် (၁) ရဖို့ကိုပဲ အသည်းအသန် ကြိုးစားနေမိတယ်။ ဒီကျောင်းမှာက စာတော်တဲ့ သူတွေများတာမို့ အဆင့် (၁) ရဖို့ အတော်လေး စာလုပ်ရမယ် ဆိုတာ ဆရာမ ကိုယ်တိုင်ပြောထားတာမို့လည်း မိုးသား စာတွေပဲ ဖိကျက်နေမိတယ်။ ဒီနေ့လည်း ကျောင်းပိတ်ရက်ကို အခန်းထဲပဲ အောင်းကာ စာလုပ်နေရင်း ညောင်းလာ တာမို့ အောက်ထပ်ကို ဆင်းမလို့ လုပ်တုန်း မေမေ့ အသံကြားတော့ အံ့သြသွားရပါတော့တယ်။ ထူးထူးခြားခြား မေမေ အစောကြီး ပြန်လာတာဘာလို့ ပါလိမ့်။ ဆင်းမလို့ လှေခါးထိပ်ရောက်မှ သားသားဆိုတဲ့ နာမည်ပြောသံကြားတာမို့ နားဆွင့်လိုက်မိတော့...

မိုးမြေစက်ဝန်း။ Where stories live. Discover now