အပိုင်း (၁၃)

3.5K 286 1
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၃)

မိုးသားကို ချစ်နေမိပြီ ဆိုတာ သေချာသွားတဲ့ အချိန်ကနေ စပြီး မြေကြီး ရဲ့အရာအားလုံးဟာ သာယာလို့ လာပါတယ်။ ကြည့်ပါဦး တစ်ဖက်သတ် ချစ်နေ ရတာတောင် ဘယ်လောက်များ နူးညံ့လှပ လိုက်တဲ့ အချစ်ပါလဲ။

အချစ်ဆိုတဲ့ အရာကို တစ်ကြိမ် တစ်ခါမှ မခံစားဖူးသူ တစ်ယောက်အတွက် အချစ်ဆိုတာကို စတင်ထိတွေ့လိုက် ချိန်မှာ ရင်ထဲဟာ မီးရှုးမီးပန်းတွေ ပစ်ဖောက်တာ ကြည့်ရသလို တစ်စိမ့်စိမ့် ကြည်နူးစေတယ်။

အချစ်ဆိုတဲ့ အရာကို မျက်လုံးလေးမှိတ်ပြီး အာရုဏ်ခံလိုက်ရုံမျှနဲ့ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး ဘဝင်ကို ငြိမ်းစေတယ်။ မြင်သမျှ အရာတွေ လှပနေသလို ပန်းတိုင်း ပွင့်နေတယ် ထင်ရစေတယ်။ မောပန်းမှု အားလုံးက အချစ်ကို ဖျတ်ခနဲ တွေးမိရုံနဲ့ ခပ်ပြင်းပြင်း အသက်ရှုသံတွေ၊ ခြွေးတွေ ကြားကတောင် အလှပဆုံး အပြုံးတစ်ပွင့်ကို ပွင့်စေတယ်။

တစ်နေ့လုံး ချစ်နေပြီဆိုတဲ့ သီချင်းကို Repet လုပ်ကာ နားထောင်ပစ်လိုက်တယ်။ ဟော သီချင်းနားထောင်ရင်း မိုးသားရဲ့ မျက်နှာလေးကို မြင်ယောင်မိ တာနဲ့ ပြုံးမိပြန်ပြီ။ ဒီအပြုံးကလည်း ဘယ်နှစ်ကြိမ်မြောက်မှန်းတောင် မသိတော့။ ချစ်လိုက်တာကွာလို့ စိတ်ထဲကနေပြောနေမိတာလည်း ဘယ်နှစ်ကြိမ်မှန်း မသိတော့။ ဒါပေမယ့် ကျေနပ်နေတယ်လေ။

အချစ်ကို ခံစားမိချိန်မှာ အချစ်အကြောင်းများ တွေးနေရလို့ကတော့ စက္ကန့်တွေ တောင် မြန်ဆန်နေသလိုပဲ။ အချိန်တွေတိုင်းမှာ အချစ်ကို တွေးနေရုံမျှနဲ့ တိမ်တွေပေါ်မှာ ရောက်နေသလို ရင်ထဲအေးစိမ့်ပြီး ငြိမ့်နေရောပဲ။

ညရောက်တော့ မိုးသားစီ စာပို့မလို့ လုပ်ပြီး မပို့ဖြစ်ဘူး။ ဖုန်းကို အင်တာနက်လိုင်း ပိတ်ကာပြောချင်တာတွေ တစ်ခုပြီး တစ်ခုပို့ပစ်လိုက်တယ်။ စာတွေက မရောက်။ ပြီးမှ သဘောကျကာ ကို့ဖာကို ပြန်ပြုံးနေမိပြန်တယ်။ ဖုန်းရဲ့ Contact List ထဲက မိုးသားရဲ့ ဖုန်းနံပါတ်လေးကို ကြည့်ပြီးတော့လဲ ပြုံးမိပြန်တယ်။ ဖုန်းခေါ်ဖို့ထိ မဝံ့ရဲပေမယ့် အဲဒီ့နံပါတ်လေးကို ကြည့်နေရရုံနဲ့ ကျေနပ်မှုတွေ ဖြစ်နေပြန်ရော။

မိုးမြေစက်ဝန်း။ Where stories live. Discover now