အပိုင်း (၁၁)

3.5K 273 3
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၁)

အိမ်ပြန်ရောက်ထဲက မိုးသား အရမ်းတွေ ပျော်နေတာလေ။ ဖုန်းကိုဖွင့်လိုက် မြေကြီးရဲ့ ဖုန်းနံပါတ်လေးကို ကြည့်လိုက်နဲ့။ တကယ်တမ်းတွေ့ကြတော့လည်း တွေ့ရတာ အားမရလှပေ။ ညကျရင်လည်း ငခုံးမတို့ လဒတို့နဲ့ သွားတွေ့ရဦးမယ်။

ညနေဖက်ရောက်တာနဲ့ ခပ်စောစောပဲ ရေမိုးချိုးပြီး အ၀တ်အစားလဲပြီး မြေကြီးစီ ဖုန်းဆက်လိုက် ပါတော့တယ်။ ဖုန်းက၀င်သွားတာနဲ့ မြေကြီးတန်းကိုင် လိုက်တာမို့ မိုးသားက

"ဟ့ တန်းကို ကိုင်တာပါလား။"

"အေး။ အလုပ်လုပ်ရင်း မင်းခေါ်ရင် မသိမှာ စိုးလို့ နားကြပ်တပ်ထားတာကွ။ ဟီး။"

"အေးပါကွာ။ အလုပ်တွေ ရှုတ်နေလား မြေကြီး။"

"ဟာ ငါ့အလုပ်ကို မေးစရာ မလိုဘူး။ မင်း ပြောချင်တာသာပြော။ အေးဆေး။"

"ငါ ခနနေ မင်းစီထွက်လာမလို့။ ဟိုကောင်တွေ ကိုသွားတွေ့ရအောင်လေ။"

"ဟာ လာပေါ့။ အခုလာလဲ ရ...။ အဲ ခနနေလာကွာ။ ငါရေချိုးလိုက်ဦးမယ်။ မကြာပါဘူး။ ခနလေးပဲ။"

"အေး အဲဒါဆို ဒါပဲ မြေကြီး"

မိုးသားပြောနေတုန်း မြေကြီးက ဖုန်းချသွားပါတော့တယ်။ မိုးသား ဖိုးဖိုးနဲ့ဖွားဖွားကို ပြောပြီး အိမ်ကနေ ထွက်ခဲ့လိုက်ပါတော့တယ်။ မြေကြီးတို့ ၀ပ်ရှော့ကို ရောက်တော့ မြေကြီးက အသင့်ရှေ့မှာ ထွက်စောင့်နေပါတယ်။ ရေချိုးထားပြီး အလုပ်ကအ၀တ်တွေကို လဲထားတာမို့ မြေကြီး မျက်နှာက လန်းဆန်းနေ ပေမယ့် ၀တ်ထားတဲ့ အ၀တ်တွေက တွန့်ကြေမွနေသလို ၀တ်စားထားပုံကလဲ ဖရိုဖရဲ နိုင်လှပါတယ်။

"သွားမယ် မြေကြီး။ တက်။"

မြေကြီး ကားပေါ်တက်လာကာ မိုးသားကို ကြည့်နေပြန်တာမို့

"ဘာကြည့်နေတာလဲ မြေကြီး။"

"ဟီး။ မင်းက ချောတာကိုးကွာ။ သန့်ပြန့်ပြီး စမတ်ကို ကျနေတာပဲ။ မိုက်တယ်။"

"မင်းလဲ ဒီလိုပဲ နေပေါ့ မြေကြီးရာ။ တစ်ကယ်ဆို မင်းက ငါ့ထက်တောင် ပိုပြီး ကြည့်ကောင်းပါတယ်။"

မိုးမြေစက်ဝန်း။ Where stories live. Discover now