အပိုင်း (၁၅)

3.4K 274 3
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၅)

ခြေကုန်သုတ်ပြီး ပြေးသွားတော့ ရှေ့က အဖွဲ့ကို လှမ်းမြင်နေရပါတယ်။ ဟိုကောင်တွေ အဖွဲ့ကလဲ မြေကြီးတို့ ပြေးလာတာတွေ့တော့ ထွက်မပြေးပဲ အနားက နီးရာ ဒုတ်တွေ ခဲတွေ ကောက်ကိုင်ပါတော့တယ်။ သူတို့က (၇) ယောက် လောက်ရှိမယ် ထင်တယ်။ ဒါကြောင့် ဒီကောင်တွေ လူစွာလုပ်သွား တာ တွေ့မယ်။

"ချကွာ .... ငါ..မသားတွေ။"

"လာခဲ့ အေပေးတွေ။"

အဖွဲ့ နှစ်ဖွဲ့ တွေ့သွားချိန်မှာတော့ အတင်းဝင်လုံးသတ် ကုန်ကြပါတော့တယ်။ အနားကပ်တဲ့ကောင် တီးတာပဲ။ ကိုင်ထားတာက ဒုတ်ရှည်မို့ လူချင်းအကပ် မခံပဲ ဝင်လာတာနဲ့ ဖြတ်ရိုက်ပစ်တာ။ လက်နှေးရင် ခံရမှာလေ။ မိတဲ့နေရာဖြတ်စော် ပစ်။

"မြေကြီး အဲ့ကောင် ဓါးပါတယ်။ သတိထား။"

ကိုတရုတ်ကြီး အသံကြားတာမို့ သတိထားနေတုန်းမှာပဲ ခပ်လှမ်းလှမ်းမှ ဓါတ်တိုင် အလင်းရောင်ကြောင့် လက်ခနဲ မြင်လိုက်ရတဲ့ အရာတစ်ခု မြေကြီး ဝမ်းဗိုက်ဆီကို အရှိန်နဲ့ ဝင်လာပါတယ်။ မြေကြီး ဘေးကို ပြစ်လှဲချလိုက်ပြီး ရှေ့ကဝင်လာတဲ့ ကောင်ရဲ့ ခြေထောက်ကို ဖြတ်ကန်လိုက်ပါတယ်။ သတိထား နေတဲ့ကြားက လူချင်းဝင်ပူးတာ မို့ခံလိုက်ရတာလေ။ ဓါးနဲ့ကောင် မှောက်ကျသွားချိန်မှာ မြေကြီး ကုန်းထလိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ နံကြားမှာ ပူခနဲ။ သွားပြီ မြေကြီးထိပြီ။ ထနေရင်းကနေ နောက်မှာလဲကျနေတဲ့ ကောင်ပေါ်ကို တံတောင်နဲ့ ပစ်လှဲချလိုက် ပါတော့တယ်။

အွတ်ခနဲ အသံနဲ့ အတူငြိမ်ကျ သွားတော့မှ မြေကြီး ကုန်းထလိုက်ချိန်မှာ လူကယိုင်ခနဲ ဖြစ်သွားတာမို့ နံကြားကို လက်နဲ့ ဖိလိုက်တော့ သွေးတွေက ရွှဲနစ်စွာ စီးကျနေပါတယ်။

"မင်းတို့နောက်ခါ ငါတို့ရပ်ကွက်လာပြီး လူပါးမဝနဲ့။ တစ်ဆွေလုံး တစ်မျိုးလုံး အသေဆိုးနဲ့ သေသွားမယ်။ ထွီ။"

စည်ပင့် အသံကြားတဲ့ နေရာကို ကြည့်လိုက်တော့ တစ်ဖက်အဖွဲ့က ကောင်တွေ အကုန်မှောက်နေပြီ။ မြေကြီးနားကို လဒ ရောက်လာကာ

မိုးမြေစက်ဝန်း။ Where stories live. Discover now