အပိုင်း (၉)

3.6K 271 0
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၉)

"ဟင်။"

"ဟာ။"

မိုးသားကော မြေကြီးပါ လှည့်ကြည့်မိတော့ သစ်ပင်ကြီး ကိုသာတွေ့ရပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ခေါင်းလှည့်ကာ ပတ်ကြည့်မိပါသေးတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။

"မြေကြီး။"

"မိုးသား။"

နှစ်ယောက်စလုံးစီက အသံတိုးတိုးလေး ထွက်လာပါတယ်။ ပြီးတော့ ပြိုင်တူပဲ ရီလိုက်မိကြပါတော့တယ်။ သူတို့ကိုသူတို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေတယ်လို့ တွေးမိလို့ပေါ့။ ဟုတ်ပါတယ်လေ။ စိတ်က တအားတမ်းတမိတော့ တွေ့တဲ့သူကို မိုးသားကလည်း မြေကြီးလို့ ထင်သလို မြေကြီး ကလည်း မိုးသားလို့ ထင်နေကြရုံမျှမက အခုတော့ အသံပါကြားယောင်နေ ကြပါလားပေါ့။

.... နောင်တစ်နေ့တော့ ပြန်တွေ့တာပေါ့ ....နောင်တစ်နေ့တော့ ပြန်တွေ့တာပေါ့ .... နောင်တစ်နေကတော့ ပြန်ဆုံဖို့ ဖြစ်နိုင်ရင် ....

.... နောင်တစ်နေ့တော့ ပြန်တွေ့တာပေါ့ ....နောင်တစ်နေ့တော့ ပြန်တွေ့တာပေါ့ .... နောင်တစ်နေကတော့ ငါတို့နှစ်ဦး ဖြစ်နိုင်ရင် ....

.... ရေစက်များ ရှိနေရင် .....

မိုးသား ထိုင်နေရာ အပင်ခြေရင်းကနေ ထရပ်လိုက်ပြီး ပန်းခြံ အပြင်ဖက်ကို ပြန်ထွက်လာခဲ့ လိုက်ပါတော့တယ်။ မြေကြီးကလည်း သစ်ပင် ရဲ့တစ်ဖက်က နေ ရှောစင်လေး ရှိရာကို လျှောက်သွားလိုက်ပါတယ်။

သစ်ပင်ကြီးတစ်ပင် အောက်ကနေ သူတို့နှစ်ယောက် အတူတူ တပြိုင်ထဲ ထွက်လာပေမယ့် သူတို့ လျှောက်သွားတဲ့ နေရာတွေက ဆန့်ကျင်ဘက် အရပ်ဆီသို့။ မိုးသား ကားပေါ်တက်ပြီး ကားစက်နှိုးလိုက် ချိန်မှာတော့ မြေကြီးလည်း ပန်းခြံရှေ့ကို ထွက်လို့လာတဲ့ အချိန်ပါပဲ။ မြေကြီး ရုတ်တရက် မိုးသား ကားကို တွေ့တဲ့အချိန်မှာ လူက ဘာမှန်းမသိလိုက်ချိန်မှာပဲ ခြေလှမ်းတွေက ပန်းခြံရှေ့ကို ပြေးလိုက်မိပြီးသား ဖြစ်နေပါတော့တယ်။ မိုးသားရဲ့ ကားလေး လည်း ထွက်သွားရော မြေကြီးလည်း ပန်းခြံရှေ့ကို ရောက်လို့သွားပါတော့တယ်။

မိုးမြေစက်ဝန်း။ Where stories live. Discover now