အပိုင်း (၃)

4.3K 313 7
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၃)

"သားသား ဘာဖြစ်လို့လဲ ဘုရားရောက်မှ ၀ယ်လည်း ရတယ်လေ။ ရှေ့တစ်ကွေ့ဆို ရောက်ပြီ။ ဘုရားမှာ အများကြီးကို။"

"ဟာ ... သူ့စီကပဲ လိုချင်တာ။ သူ့စီက အကုန်ဝယ်ပေး။"

"သား အဲဒီလို ဂျီကျတာ မေမေ မကြိုက်ဘူးနော်။"

အဲဒီ့အချိန်မှာပဲ မီးပွိုင့်က စိမ်းသွားတာမို့ ကားတွေ စထွက်ဖို့ တာဆူနေကြပါပြီ။ မိုးသား ကားမှန်ခလုပ်ကို ဖိချလိုက်ရင်း ခေါင်းကို အပြင်ထုပ်လိုက်ကာ

"စံပါယ်ပန်း လာဦး။ စံပါယ်ပန်း။"

အတင်းအော်လိုက် တာမို့ မြေကြီး ကြားသွားပြီး လှည့်ကြည့်ချိန်မှာတော့ ကားလေးက ထွက်နေပါပြီ။

"သားသား အထဲကို ပြန်ဝင်အခု။ ကြားလား သားသား"

"ဟဲ့ မြေးလေး အော် ခက်တော့တာပဲ။"

"ရှေ့ကို လိုက်ခဲ့။"

မိုးသား အော်ပြောပြီး ကားထဲပြန်ဝင် လိုက်ပါတယ်။ ပြီးတော့မှ

"သူလိုက်လာပြီ မေမေ။ ကားအရှေ့မှာ ရပ်ပေးပါနော် မေမေနော်။"

"ရပ်ပေး လိုက်ပါသမီးရယ်။ ကလေးက လိုချင်နေတာကို။ ဖေဖေ၀ယ်ပေး လိုက်ပါ့မယ်။"

"အကြင့်တွေပါမယ် ဖေဖေ။ ဖေဖေ့မြေးက ဆိုးလို့ရမှန်း သိရင် ပိုဆိုးလာမယ်။"

မိုးသား ကားနောက်ကို လှည့်ကြည့်လိုက်တော့ လွယ်အိတ်လေး ဘုတ်သိုက် ဘုတ်သိုက်နဲ့ ပန်းတွေကို မြှောက်ပင့်ကာ ကိုင်ရင်း ပြေးလိုက်လာနေတဲ့ မြေကြီး ကို တွေ့နေရပါတယ်။

"မေမေ ကားရပ်ပေးလေ။ ကားရပ်ပေးပါ မေမေရယ် နော်။"

"မရပ်ပေးဘူး။ သားသား တိတ်တော့။"

မိုးသား ချက်ခြင်း ဖိုးဖိုးလက်ကို ကိုင်လှုပ်လိုက်ရင်း

"ဖိုးဖိုးပြောပေးပါ။ ဖိုးဖိုး ဟိုမှာသူပြေးလိုက်လာနေတာ။"

"ကဲ သမီး မိုးသားချို။"

"ကျွီ။"

ကားကို မေမေက မရပ်ချင်ပဲ ရပ်လိုက်တာ ဖိုးဖိုးက မေမေ့နာမည်ကို ခေါ်လိုက်လို့ပါ။ လှည့်ကြည့်လိုက်တော့ မြေကြီးက ခါးလေးကုန်းကာ မောနေတဲ့ ပုံစံနဲ့ ရပ်နေတာမို့ မိုးသား လက်လှမ်းပြ လိုက်တော့ ကားနားကို ထပ်ပြီး ပြေးလာပါတော့တယ်။ ကားနားလဲ ရောက်ရော ပန်းလေးမြှောက်ပြကာ အသက်ကို မနည်းရှုနေရပုံ ရပါတယ်။

မိုးမြေစက်ဝန်း။ Where stories live. Discover now