အပိုင်း (၂)

6.4K 371 1
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၂)

အိမ်ပြန်ရောက်တိုင်း ထမင်းချိုင့်ထဲက ထမင်းတွေ တစ်စက်မှမကျန်အောင် ပြောင်နေတာ တစ်ပတ်မကတော့ တီတီက မိုးသားကို မေးလာပါပြီ။ ပါးစပ်ထဲတွေ့ သလိုပဲ လိမ်ပြောလိုက်တယ်။ မတက်နိုင်ဘူးလေ။ မိုးသား ထမင်းမစားတာ သိရင် အဆူခံထိနေဦးမှာလေ။ အခုဆို ကျောင်းမှာ မိုးသားက မြေကြီးတို့ အဖွဲ့နဲ့ သူငယ်ချင်းတွေ ဖြစ်နေပြီလေ။ ၀က်ပစ်ပါ အခု တစ်ဖွဲ့တည်း ဖြစ်သွားတာ။ မြေကြီးတို့က ခင်ဖို့ ကောင်းတာတော့အမှန်ပဲ။ မိုးသားကိုလည်း မြေကြီးတို့က အရမ်းခင်ကြတာလေ။ မိုးသားက ထမင်းတွေ ဟင်းတွေလည်းကျွေးသလို ပါတဲ့မုန့်တွေ ဆိုလည်း အကုန်လုံးကို မျှပြီး ကျွေးလေ့ရှိတာကိုး။

ဒီနေ့ ကျောင်းပိတ်ရက်မို့ မိုးသား အိမ်မှာ တစ်ယောက်တည်း ပျင်းနေတာမို့ မြေကြီးတို့နဲ့ တွေ့ရဖို့ကို ဥာဏ်များ ရပါတော့တယ်။

"တီတီရေ သားစာတွေ အကုန်ပြီးရင် ပန်းခြံကို လိုက်ပို့ ပေးနော်။"

"မရပါဘူးနော်။ သား မေမေကို တီတီ ခွင့်မတောင်း လိုက်ရဘူး။ မနက်ဖြန်မှ သွားချင်လိုက်ပို့ပေးမယ်။"

မိုးသား ဖတ်နေတဲ့ စာအုပ်ကို ချထားလိုက်ပြီး တီတီ့နားကို ကပ်ခါ

"ဟာ မရဘူး။ မေမေ့စီ ဖုန်းဆက်လိုက်ရင် ရတာပဲကို။ နော် တီတီ နော်။ သားကို လိုက်ပို့ပါနော်။"

တီတီက မိုးသားကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး

"ဒါဆို စာတွေ အကုန်ရအောင်ကျက်။ ပြီးရင် နို့လည်း သောက်ရမှာနော်။"

"ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျက်လည်း ကျက်မယ်။ သောက်လဲ သောက်မယ်။"

ညနေပိုင်းနေအေးတော့ တီတီက မိုးသားကို ပန်းခြံလေးကို လိုက်ပို့ပါတော့တယ်။ ပန်းခြံရောက်တော့ မြေကြီးတို့ မရောက်လာသေးပေ။ ခနနေတော့ ငခုံးမရယ်၊ ခွေးပုရယ်၊ လဒရယ် ရောက်လာပေမယ့် မြေကြီးတော့ မပါပေ။ မိုးသား သူတို့နားကို သွားဆော့ချင်တာမို့ တီတီ့ အလစ်ကို ချောင်းနေရပါ တော့တယ်။ ခနနေတော့ တီတီက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းထဲကနေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး စကားတွေ ပြောနေကြပါတော့ တယ်။ မိုးသား အသာလေး လစ်ထွက်ပြီး ခွေးပုတို့ နားကို ပြေးသွားပါတော့တယ်။

မိုးမြေစက်ဝန်း။ Where stories live. Discover now