အပိုင်း (၂၁)

4K 258 8
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၂၁)

"ကိုတာတေ ကားရပ်ပေး။"

"မရပ်နဲ့ ဆက်မောင်း။"

"ဒီကောင့်ကို ရှင်းမှ ဖြစ်မယ်။ စာရင်းမရှိပဲနဲ့ ဇယား လာလာနောက်နေတဲ့ကောင်။"

"ထားလိုက်စမ်းပါ မြေကြီးရာ။ မင်းကို ငါပြောနေတယ်လေ။"

"တောက် ခွေးတူဝက်တူကောင် ရိုတ်သတ်ပစ်ချင်တာ တစ်ခါထဲ။"

"ငါ ကိုင်ထုတ်လိုက်ရမလား မြေကြီး။"

ပြသနာတက်နေ ရတဲ့ အထဲ ကားသမားကပါ ဝင်ပြောလာတာမို့ မိုးသား စိတ်ညစ်သွားရတာတော့ အမှန်ပါပဲ။

"မလုပ်ပါနဲ့ဗျာ။ အစ်ကို အဲ့ဒီ့ကား မမှီအောင်သာ နည်းနည်း မြန်မြန် မောင်းပေးပါ။"

"အေးအေး ညီလေး။ မင်းစိတ်အေးအေးသွား မြေကြီး မင်းမြန်မလာခင် ဒီကောင် အပိုးကျိုးနေစေ ရမယ်။"

ကားသမားက ကားကို ခပ်သွက်သွက် မောင်းနေပေမယ့် အာကာ့ ကားကလည်း နောက်ကထပ်ကျပ်မကွာ လိုက်လို့လာပါတယ်။ မိုးသားတို့ကားလေးက မြောက်ဥက္ကလာ ဂန္ဓမာဟိုးစေးလ် နားရောက်လာချိန်မှာတော့ ကားကလည်း အနည်းငယ်ရှင်းနေသလို မှောင်လဲမှောင်နေပါပြီ။ မြေကြီးနဲ့ မိုးသား တစ်ယောက် လက်ကို တစ်ယောက်ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားကြပေမယ့် မျက်လုံးတွေကတော့ နောက်ကို တကြည့်ကြည့်။

"မိုးသား စိတ်မညစ်နဲ့နော်။ ဘာမှ မဖြစ်ဘူး။ အဲ့ဒီလိုကောင် ကတော့ (၃) ယောက်လောက်လာရင်တောင် သောက်ဂရုမစိုက်ဘူး။"

မြေကြီး စကားကြောင့် မိုးသား မျက်မှောင်ကို ကျုံ့လိုက်ပြီး

"အဲ့လို ရန်ဖြစ်တာကို မကြိုက်ပါဘူးဆို မြေကြီးရာ။ ဒီတိုင်းရှင်းလိုက်လဲ ရတာပဲကို။ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်မှာ မလိုချင်ဘူး။ ပြီးတော့ ကို့သူငယ်ချင်း .."

"တော်စမ်းပါ မိုးသားရာ။ သူငယ်ချင်း ဘာသူငယ်ချင်းလဲ။ မသေမချင်းလိုက် ဒုက္ခပေးမယ့် သူငယ်ချင်းလား။"

"လုပ်ပြန်ပြီ။ ပြောနေရင်းက။"

"ဟင်း။ ငါနော ... စိတ်ကို မနည်းလျော့နေရတယ်။"

မိုးမြေစက်ဝန်း။ Where stories live. Discover now