15

3.5K 345 32
                                    

"ငါ မျက်နှာသစ်သင့်လား"

Bath roomထဲ မှန်ရှေ့တွင်အတွေးများ နေရသည့် chanyeol. ..

ဖောင်းကားနေတဲ့ပါးတွေကိုဆွဲလိုက်တော့ လက်ထဲပျော့တွဲတွဲနှင့်သားရေပတ်လိုပါလာသည်။
ဘယ်နေရာကချစ်ဖို့ကောင်းလို့လဲ...

ဒါပေမဲ့..
ဟိုလူကြီးကတော့ ခဏခဏမွ...

"Arrငါရူးတော့မှာလားမသိဘူး"

ပါးနှစ်ဖက်ကိုအုပ်ကိုင်ထားပြီးနောက်ပြုံးယောင်သန်းလာသည့် နှုတ်ခမ်းတို့ က အတောမသတ်နိုင်...

ဘာလဲ...
ခု သူကျေနပ်နေတာလား?
ဟိုလူကြီးရဲ့ချစ်ဖို့ကောင်းတယ်ပြောတာကိုလေ?

မှန်ရှေ့ရပ်နေမိတာ ဘယ်လောက်ကြာနေပြီမှန်းတောင်မသိ...
ထုံကျင်လာသော ခြေဖဝါးတို့ကြောင့်မျက်နှာသစ်ခြင်းအမှုကိစ္စကိုလက်လျော့ လိုက်ပြီး အိပ်ယာပေါ် ဗုန်းဆိုပစ်လှဲလိုက်သည်။

ခန္ဓာကိုယ်က အကြီးကြီးဆိုတော့ အသာအယာလေးပစ်လှဲပေမဲ့လဲ အရပ်ပျက်သလို အုန်းခနဲ...
ကုတင်ကြီးပင်တသိမ့်သိမ့်တုန်လို့...
တော်သေးတာက chanyeolအခန်းအောက်တည့်တည့်မှာက ထမင်းစားခန်းမို့သာ...
အိမ်ကလူတယောက်ယာက်ရဲ့အိပ်ခန်းသာဆိုညတွင်းချင်းပင်မောင်းချခံရမလားမသိနိုင်ပါ...

မကျေနပ်နိုင်သေးတဲ့စိတ်ကြောင့် မှန်ကိုအပြေးအလွှားထကြည့်မိပြန်သည်။

မှန်ပြင်ထဲပြန်မြင်ရတဲ့ကိုယ့်ပုံကို ကြည့်ကာ ဟွန့်ခနဲမဲ့လိုက်မိပြန်သည်။
ကောက်ကွေးနေတဲ့ ဆံပင်ပွပွတို့ကနဖူးပေါ်ခပ်အုပ်အုပ်...
မျက်လုံးဝိုင်းစက်စက်တွေက မျက်နှာရဲ့သုံးပုံတပုံလောက်ကိုနေရာယူထားတာ...
ကားတက်နေတဲ့နားရွက်တွေနဲ့ဖောင်းကားနေတဲ့ပါးတွေကြောင့်...
နေရောင်ခြည်ထိထားတဲ့နေကြာပွင့်ကြီးလို ပွင့်ပွင့်လန်းလန်းကြီးကိုဖြစ်နေတာ

ခလေးမျက်နှာနှင့်မလိုက်ဖက်စွာ ကြီးမားလှတဲ့ခန္ဓာကိုယ်ကြီး...

"ဟင့် ဒီခြေသလုံးတဖက်တဖက်က ကျွဲတအုပ်လောက်ကိုကမ္ဘာ့ပြင်ရောက်အောင်အသာလေး ကန်ထုတ်လို့ရတယ် "

ခြေတံကရှည်ရသည့်အထဲတုတ်နေတာပဲ..

ဘာပဲဖြစ်ဖြစ်ပါလေ...
ဟိုလူကြီးမျက်လုံးထဲချစ်ဖို့ကောင်းနေရင်ပြီးရောမလား

Don't Touch My Baby Yeol!!!Where stories live. Discover now