33

3.9K 364 99
                                    

ပါးစပ်ကလဲဘာတွေ အော်မှန်းမသိ ဝူးဝုးဝါးဝါး အော်နေတဲ့chanyeolက စားပွဲပေါ် ခေါင်းကြီးမှောက်လို့၊

Baekhyunက လဲရီဝေဝေဖြစ်လို့နေပြီ၊
အကောင်းပတိ အတိုင်းနှင့်လဲchanyeolရဲ့ ဂေါ်ဇီလာကိုယ် ကြီးကို သူ့ဗလနှင့်မမနိုင်ပါ၊
ကံကောင်းလျှင်  အီး သာ ထွက်နိုင်ပြီး၊ ကံမကောင်းပါက ခါးရိုးထိ ကျိုး နိုင်သည်။
အီးထွက်တာ လောက်က ပြသာနာမရှိပေမဲ့  ခါးရိုးတော့အကျိုးမခံနိုင်ပေ၊
နဂိုထဲက ကိုကို့ လက်ချက်ကြောင့် ခါး လေးက ချိနဲ့နဲ့ဖြစ်နေရှာ ရတာ ကျိုးသွားလို့တော့မဖြစ်၊
ကိုကိုနဲ့ ကဲရန် ရှိသေးသည်တို့ဘာတို့၊
သိဘို့ TT

"ဟေ့ရောင် ထ "

" ဟင့်..အင့် မထဘူး ခုမှလာမခေါ်နဲ့ လူဆိုးကြီးဦးsehun"

လင်ကိုတကာ တဗြဲဗြဲတရွဲရွဲ ခြေစောင့် ကာငိုနေပါသည့်အမျိုးကောင်းသားလေးparkကြောင့် ဘေးဝိုင်းများက ပါ ကွက်ကြည့်ကွက်ကြည့်၊

" ဟေ့ ရောင် အသံပြဲ နဲ့ မအော်နဲ့လေကွာ"

" အူးဝါး...အကျင့်မကောင်းတဲ့ ကောင်ကြီး  စားပြီးနားမလည်ကြီး"

ဘေးဝိုင်း ရှိ အရက်သမားအချို့မှ baekhyunကို အံ့ဩောသလိုကြည့်လာသည်၊
ဒီအဆင်နဲ့ ဒီအဆင် ဘယ်လို စားလိုက်သလဲပေါ့၊

" ကျွန်တော်စားတာမဟုတ်...ကျစ်"

ယောင်နစွာ လိုက်ရှင်းပြ ပြီးမှ ဒေါသ ကထွက်လာရပြီ မို့ တဗြဲဗြဲ တရွဲ ရွဲ ငိုနေသည့် chanyeolကို ခေါင်းတချက်ပိတ်ခေါက်လိုက်တော့ ငိုလက်စ က အိခနဲ တိတ်သွားသည်။
ထို့နောက် ခေါင်းလေးကို ပွတ်ကာ တရှုံ့ရှုံ့ဝမ်းနဲ ပက်လက်ငိုနေပြန်သည်။

ကိုကို့ကိုဖုန်းအရင်ခေါ်ပြီးနောက်sehun hyungဖုန်းဆက်ရသည်။
ကြည့်တော့ ကြည့်မရပေမဲ့ လို့ ကိုယ့် သူငယ်ချင်းက ဒီဘဲမှဒီဘဲဖြစ်နေပြီမို့လား၊
ခပ်ရိုင်းရိုင်းပြောရရင်တော့ မွှန်နေပြီလေ၊

ကိုကို့ ကားနှင့်အတူ ပါလာသည့်sehun hyungကို မြင်တာနှင့်မျက်စောင်းက ဒိုင်းခနဲပစ်ကျွေးပြီးသား၊

အငိုမင်းသားလေးက သူ့ဘဲ ရောက်လာကာမှ ပိုရိုက်သတ်ချင်စရာကောင်းအောင်တအိအိငိုတေ့သည်။ အာတော့ဖြဲပြီးမငိုတော့တာ တော်သေးသည်ဟု ဆို ရမည်၊

Don't Touch My Baby Yeol!!!Where stories live. Discover now