22

3.6K 337 38
                                    

*အ ~~*

Baekhyunရဲ့ ညည်းတွားသံကြောင့်chanyeolက လှည့်ကြည့်လေသည်။

" ဘာ ဖြစ်နေတာလဲbaekhyun လမ်းလျှောက်တာလဲကွတကွတနဲ့"

Baekhyunက တေည့ သူ့ အပြစ်နှင့် သူမို့chanyeolကို သာ သွားဖြဲပြလိုက်ရင်း စာကြည့်တိုက် ဆီ ဦး တည်နေသည့် chanyeolနောက်က သာ ဖင်လေးလိမ်ကျစ်ကျစ်နှင့်လျှောက်ရင်း လိုက်လာသည်။
ခြေတလှမ်းလှမ်း လိုက်တိုင်း အောက်ပိုင်းက နာကျင်မှုက မျက်ရည်ဝဲစေသည်အထိ...
ကိုယ် ကို တိုင်က ကျားရှေ့ မှောက်ရက် မက ကျားဂုတ်ပါ ခွစီးပြသည်မို့ ကိုယ့်အပြစ်နှင့်ကိုယ် သာ နာကျင်မှုကို အံတု ရင်း နေနေရသည်။

အိမ်ပြန်ပြီးနားချင်နေပေမဲ့ အတန်းပျက်ထားတာ များနေပြီမို့chanyeolနှင့်စာကြည့်တိုက်သို့ပါလာရသည်။
စာမေးပွဲက နောက်လမို့ ခုမှ စာ စမလုပ်ရင် ခွေးဖြစ်တော့မည်မှာ ဧကန် မုချပင်...
ကိုကို ကကော ခွေးချစ်ပါ့မလား တွေးမိသေးသည်။
Baekhyunneတို့က ခွေးဖြစ်ရင်တောင် အမွေးပွပွလေးနဲ့ ခွေးပုပုလေး သာဖြစ်မှာမို့ ကိုကို ချစ်လောက်မှာပါလေ...

ဘေးကဆံပင် ငုတ်စိနှင့် ပြဲကွဲနေသည့် chanyeolမျက်နှာကို ကြည့်မိတော့ ထရယ်မိသည်။

" wae"
မသိနိုးနား မျက်လုံးဝိုင်းကြီးတွေကအစွမ်းကုန် ပြူးရင်း သူ့အား မေးလာတာမို့ ခေါင်းသာ ခါပြလိုက်ရင်း ပါးစုံမို့မို့ကြီး တဖက်ကို ဆွဲလိုက်လေသည်။

"Wuri chanyeollieလေး ကဆံပင်လေးညှပ်လိုက်မှတော်တော်ချစ်ဖို့ကောင်းသွားတာ "

သူ့ရဲ့ ဂျင်းထည့်မှုကို ရိုးသားလှတဲ့ chanyeollieလေးဟာ ခေါင်းကြီးငုံ့ ရင်းရှက်နေလေသည်။
လက်ထဲက စာအုပ်ကို လဲကျိုးကျေမတတ်ဖိဆုပ်ထားသေးသည်။

" အင်း တကယ်ချစ်ဖို့ ကောင်းတာလား  sehun hyungလဲအာ့လိုပြောတယ်"

" အင် အေး တကယ်ဟ"

မြှောက်ပေးတဲ့သူ နဲ့ အဟုတ်မှတ်ပြီးfeelတက်နေတဲ့သူနဲ့ ဟုတ်တော့ဟုတ်နေတာပဲ

*love me like u do🎵🎵*

" ကိုင်လိုက်လေ မြန်မြန် သူများတွေ အနှောက်အယှက်ဖြစ်ကုန်ုပီ"

Don't Touch My Baby Yeol!!!Where stories live. Discover now