( final)part_1

3.7K 366 25
                                    

Baekhyunတို့ လက်ထပ်ပွဲနေ့

" ချူခါဟဲရာ baekhyunnee နောက်ဆုံးတော့ ငါတို့ baekhyunneလေး  စောင်အလုပ်မလုပ်ပဲ လင်လုပ်စာ ထိုင်စားခွင့်ရပီပေါ့"

သတို့သားဝတ်စုံ အဖြူ နှင့် ပနံရနေသည့် သူငယ်ချင်းဖြစ်သူ အား ပွေ့ဖက်ကာ ဂုဏ်ပြုစကားဆိုမိတော့ ပြန်ရရှိလိုက်တာက Chanyeol၏ခြေဖျားတက်ကြိတ်ခံရပြီး baekhyun၏ အစွမ်းထက်လှသည့်လက်သွယ်သွယ်လေးတွေက ကျောပေါ် အဆုတ်ကွာမတတ်သော ထုရိုက်မှု များသာ ဖြစ်သည်။

" သူတောင်းစား  ဘောပဲနော် "

" ငါကလဲ ဘောပါပဲ နော် အကောင်းနဲ့လဲ ဂုဏ်ပြုစကားပြောရသေး"

တယောက်နှင့်တယောက် လက်ခလယ်ထောင်ပြပြီးနောက်  မျက်စောင်းပိတ်ထိုးလိုက်ကြသည်။

တကယ်ဆိုChanyeol baekhyunအပေါ် မနာလိုဖြစ်နေသည်ဆိုတာတော့ ဝန်မခံလို့ကိုမရ။
Baekhyunဘ ဝ က အစစ အရာရာ ကံကောင်းသည်။
နှစ်ဖက်မိဘတွေက သဘောတူကြသည့်အပြင်
မင်္ဂလာပွဲက လဲခမ်းခမ်းနားနား။

သူ့ ဘဝ ကတော့ လကုန်တွင် ဂျပန်သွားရမည့် မောင် နဲ့ မရေရာ မသေချာတော့သည့် အနာဂတ်ကိုရင်တထိတ်ထိတ်နှင့် မျှော် နေရအုန်းမည်ဖြစ်သည်။
မောင့် ကို လွမ်းရင်း ဆွေးရင်း ၊ စိတ်မချ ခြင်းပေါင်းများစွာနဲ့ ခက်ခဲစွာ ကျော်ဖြတ်ရမည်ဖြစ်သည်။

Baekhyunလက်လေးကို တယုတယ ဆုပ်ကိုင်ကာ ပြုံးနေတဲ့  Kai hyung ရဲ့မျက်ဝန်းတွေထဲ နူးညံ့ မြတ်နိုးမှုတွေက အထင်းသား။
Baekhyunအတွက် ဝမ်းသာရသည်မို့ မျက်ရည်ပင် ဝဲရသည်အထိ။
Baekhyunနှုတ်ခမ်းပါးတို့ကို နမ်းနေပုံက အစ ညင်သာ မှု အတိ၊
ဘယ်လောက်ထိ မြတ်မြတ်နိုးနိုးချစ်နေကြောင်း ဘေးလူ အနေနဲ့ပင် ကြည်နူးမှု တွေ ကူးစက်လာရသည်အထိ။

ဘေးတွင်ထိုင်နေသည့်မောင်က လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်ပေးလာသည်။

" မောင်...
Babyရော ခုလိုမျိုးbaekhyunneလို ပြုံးနိုင်ဖို့အခွင့်အရေးရပါ့မလားဟင်"

မောင့် မျက်နှာ က ညို့ ခနဲ၊

" မောင့်ကို တခါလောက်ပဲ ထပ်ယုံပေးပါ"

ခေါင်းလဲ မညိတ် ခေါင်းလဲ မခါမိ၊

ပြည့်စုံလွန်းတဲ့ မောင့် လိုလူမျိုးကို မယုံမိတာတော့Chanyeolအပြစ်တော့မဟုတ်ဖူးမလား၊

Don't Touch My Baby Yeol!!!Where stories live. Discover now