17

3.5K 334 59
                                    

"Chan "

ကားမှန်ကိုမှီကာအိပ်နေတဲ့ ကောင်လေးကို အသာလှုပ်နိုးကြည့်သည်။
အင်း..အဲသာ အသံပြုရင်းပြန်အိပ်ပျော်သွားတာမို့sehunသဘောတကျပြုံးလိုက်မိသည်။
ညဦးပိုင်းရောက်လာပြီမို့ ကားပေါ်ကလူတွေအကုန်အိပ်ပျော်နေကြလေပြီ
Sehunကသာ အိပ်ပျော်နေတဲ့ကောင်လေး ကိုသာငေးနေမိပဲအိပ်မပျော်ပေ...
ညအိပ်မီး ပြာလဲ့လဲ့အောက် မြင်နေရတဲ့ပါးဖောင်းဖောင်းလေးကိုလက်ခုံနှင့်အသာပွတ်လိုက်တော့ အေးစက်စက်ပါးလေးတွေက airconဒဏ်ကြောင့်ထင်ပါရဲ့...
ကားမှန်ကိုမှီအိပ်နေတဲ့ကောင်လေး ဇက်နာမှဆိုးတာကြောင့် ခေါင်းလေးကိုအသာဆွဲယူရင်းsehunသူ့ပုံခုံးပေါ်မှီစေလိုက်သည်။

Chanပုခုံးလေးကိုအသာဖက်လိုက်ကာရင်ခွင်ထဲဆွဲသွင်းလိုက်သည့်တိုင် အအိပ်မက်တဲ့အမွှေးပွလေးကမနိုးပါလေ...

Sehunရင်ခွင်ထဲတပွေ့တပိုက်ကြီးဖြစ်ကာခပ်ထွားထွားကိုယ်လုံးလေး နဲ့ကောင်လေးက အကောင်သာကြီးတာ စိတ်ကခလေးသာသာရယ်...
ရယ်ရင်လဲအားရပါးရလက်ခုပ်လက်ဝါးတီးကာ တစ်ကိုယ်လုံးတွန့်လိမ်နေသည်အထိခလေးလေးတယောက်လို..
တခုခုဆို အံ့ဩောသွားတဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေက ပကတိဖြူစင်သည်။

ကောက်ကွေးနေတဲ့ဆံပင်ပွပွလေးကို ဖွဖွလေးပွတ်သပ်ပေးတော့ ရင်ခွင်ထဲပိုတိုးဝင်လာလေသည်။

Sehun ရဲ့အနီးဆုံးမှာမြင်နေရတဲ့ ပါးအိအိလေးကိုနှာတံချွန်ချွန်တို့နစ်ဝင်သည်အထိဖိနမ်းပစ်သည်။
ချစ်စရာကောင်းတဲ့အရုပ်ကြီးကတော့ အိပ်ပျော်နေတာ  ခွေးပေါက်လေးလို...
တကယ်ကိုချစ်စရာလေးရယ်...

********************

" အင်းး  နွေးနေတာ...အဲ"

Sehun hyungရင်ခွင်ထဲဘယ်လိုရောက်?
Chanyeolခေါင်းကိုပါးကပ်ထားရင်း အိပ်ပျော်နေတဲ့sehun hyungကြောင့်chanyeolမှာမလှုပ်ရဲပါလေ...
နိုးသွားမှဖြင့်...
နှာဝထက်ကျီစယ်နေတဲ့  ရေမွှေးနံ့သင်းသင်းနှင့်အတူ တစ်ကိုယ်လုံးကို ဖက်ခံထားရကာ ရင်ခွင်ထဲရောက်နေရသည့်အဖြစ်က chanyeolလေးခမျာ အစာမရှိပဲကော်ဖီသောက်ရသလို ရင်တွေတလှပ်လှပ်တုန်စေသည်။
ကြာကြာနေရင် သေတော့မည်
-_-

Don't Touch My Baby Yeol!!!Tahanan ng mga kuwento. Tumuklas ngayon