(final) part-2

5.3K 401 84
                                    

"အတွင်းရေးမှူးဂင်  ကျွန်တော် အစည်းအဝေးခန်းထဲရောက်နေတုန်း ဖုန်းလာသေးလား"

ပါးစပ်က မေးလဲ မေး လက်က လဲ ဖုန်းကိုစစ်မိလျက်သား၊
မျှော်နေခဲ့သည့် * မောင့်baby*ဟူသော အဝင်callကလေးကဖြင့် တစ်callမျှ ရှိမနေချေ။

သက်ပြင်းကျိတ်ချမိရင်း အလုပ်စားပွဲတွင်ထိုင်စာရင်းတွေစစ်နေမိပေမဲ့ စိတ်က babyထံသာ။

ဂျပန် စစ ရောက်ခြင်း ၆လနီးပါး အထိကတော့ ဖုန်းတွေ ဆက်ပါရဲ့ ၊messageဆိုတာ အားတိုင်းပို့ ၊ video callက လဲ တနေ့ကို ၃ ၄ခါ ခေါ် ဖြစ်ခဲ့ပေမဲ့ ယခု ၁နှစ်ကျော်လာတော့babyက သိသိသာသာ အချိုးပြောင်းလာခဲ့သည်။

ကောင်း ၏ဆိုး၏ တိုင်ပင်ခြင်းအ စသဖြင့် မရှိတော့သလို ၊ဖုန်းဆက်ရင်လဲ ကိုင်ချင်မှ ကိုင်တော့သည်။
Video callခေါ်ရန် တောင်းဆို သည့်အခါဆို ဝေ့ လည်ကြောင်ပတ် လုပ်တတ်သည်။
Babyမျက်နှာလေးကိုမမြင်ရတာ ကြာပြီမို့sehunမှာ သာ လွမ်းလွမ်းဆွတ်ဆွတ်၊babyက ဖြင့် selcaပုံ တောင် မတင်တော့ပေ၊
Baby ကုမ္ပဏီ တခုမှာအလုပ်ဝင်နေခဲ့သည့် အကြောင်းတောင်kaiပြောမှသိရသည့်အဖြစ်၊
ယခုလဲ မနေ့ ညက တောက်လျှောက် ဖုန်း ခေါ်ခဲ့သည့်တိုင် မကိုင်ခဲ့တာကြောင့် ပြန်များခေါ်လေမလား ဆိုတဲ့ မျှော်လင့်ချက်လေးဖြင့်ဖုန်းဖွင့်စစ်မိသော်လဲ၊messageတစောင်တောင်ရောက်မနေခဲ့ချေ။

ဒီ လူ ကသာ ရူးမတတ် လွမ်းနေခဲ့ပေမဲ့ babyက တော့ အေးအေးလူလူ ရှိလှသည်။

မျက်ရည်တွေနဲ့ တတွတ်တွတ် ကတိတောင်းခဲ့သည့် ကောင်လေး သည် ယခုတော့...

ပြောင်းလဲ ခဲ့ပြီဖြစ်သည်။

****
2  နှစ်...
အချိန် ၂နှစ်ဆိုတဲ့ ကာ လကြီးကို
ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့သည်။

၂နှစ်အတွင်း၊babyရဲ့ သွေးအေးသွားတဲ့ ပုံစံကြောင့် ကတောက်ကဆ ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်၊
တပတ်နေလို့ ဖုန်း တခါတောင် မခေါ်ခဲ့တဲ့babyကြောင့် သူ ငိုခဲ့ရတဲ့ ရက်တွေတောင်ရှိခဲ့သေးသည်။
Kaiကိုbabyအကြောင်းမေးတော့အသစ် ရှိနေသလားဟုမေးပြန်တော့လဲ မဟုတ်ဟု ဆိုသည်။

ယခု တော့...
ထို အခြေအနေ တွေကို ဖြေရှင်းဖို့ ပြန်လာခဲ့ပြီ။

Don't Touch My Baby Yeol!!!Where stories live. Discover now