27

3.5K 373 40
                                    

"ကိုယ်တို့ လင်မယားလုပ်တမ်း ကစားဖို့လိုနေပီ"

နား ထဲ ညံ့ သက်စွာ တိုးဝင်လာတဲ့ ထို အသံ ဟာ ခပ်တိုးတိုးလေးသာ ဖြစ်ပေမဲ့chanyeolအတွက်တော့ ဗုံးတလုံးပေါက်ကွဲသွားသည့်နှယ်...
ပခုံးလေးကို ကျုံ့ ကာ ခေါင်းတွင်တွင် ငုံ့ ထားမိပြီး ပေါင်ပေါ် တင်ထားသည့် လက်နှစ်ဖက်စလုံးဟာ ချွေးစေးတွေပင် ပြန်လာရသည့်နောက် တစ်ကိုယ်လုံးကတုန်ယင်ဖြစ်လို့နေသည်။

"ဟင် လို့ မောင့်ကို ခွင့်ပြုမှာလား baby"

အသည်း အေးဖွယ် လျှပ်တိုက် အနမ်း တို့က chanyeolနားသယ်စပ် တလျှောက် စုန်ချီဆန်ချီ..

"ဟို...ဟို ကျွန်တော် ..."

ရီဝေဝေ စူးစိုက်ကြည့်လာသည့် မျက်ဝန်းအိမ် မှေးမှေး တို့က သူ့ တစ်ကိုယ်လုံး ကို စားမတတ်ဝါးမတတ်...

တီရှပ် အောက် သို့ ကျုးကျော် လာသည့် လက်များကြောင့် အောက် နှုတ်ခမ်းကို ဖိကိုက် ပြစ်လိုက်ရင်း...
ပုံ အပ်လိုက်ဖို့ တွေးမိသည့်နောက် သူ့ နှုတ်ခမ်းသား တို့ပေါ် ကျရောက်လာသည့်  နှုတ်ခမ်းပိစိလေးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။

*ting tong*

အိမ်အောက်ထပ် တံခါး မကြီး ဆီမှ အဆက်မပြတ် ထွက်လာသည့် ဘဲလ်တီးသံကြောင့် အတော်ပင် ခရီး ပေါက်ကာ ပူးကပ်နေပြီ ဖြစ်တဲ့ ခန္ဓာကိုယ်နှစ်ခုက ကွာသွားခဲ့လေသည်။

နှစ်ယောက်စလုံး မှာ စကား မဆိုနိုင်သေး...

Chanyeolကိုယ်ပေါ်ရှိတီရှပ် ၏လည်ပင်းပေါက်သည်  ပခုံး တဖက် ထိလျှော ကျ နေခဲ့ပြီး ပါးဖောင်းအိအိနှစ်ဖက်က ရဲတွက်နေခဲ့ကာ နှုတ်ခမ်းတို့က နီစွေးနေလေသည်။
အရည်ကြည်တို့ လဲ့နေသည့် မျက်လုံးဝိုင်းဝိုင်းတွေဟာchanyeolနည်းတူ ဖရိုဖရဲ ဖြစ်နေသည့်sehunထံ အကြည့်ရောက်လေသည်။
Sehunဝတ် ထားသည့်ညဝတ်အင်္ကျီ ဟာ ကြယ်သီး ထက်ဝက်ခန့် ပြုတ်နေပြီး လက်တဖက်က chanyeolအင်္ကျီ အောက်မှ မထုတ်ရသေးချေ...

" ဟို..ခဏလောက်ဖယ်ပါလား
ဧည့်သည်ထင်တယ်"

ဆင်ကော် ကပ်ထားသကဲ့သို့ ခွာမရပြုမရဖြစ်နေပါသည့်မိမိ တီရှပ် အောက် ရင်ဘတ်ပြင်ပေါ်  ရှိဖြူသွယ်သွယ် လက်တစုံ အား အတင်းအကျပ် ဖယ်ခွာပြီး နောက် ပခုံးထိ လျှောကျ နေသည့် အင်္ကျီလည်ပင်းကို ဆွဲတင် ကာ တုန်တုန်ရီရီဖြစ်နေသည့် ခြေလှမ်းများနှင့် အိမ်အောက်ထပ်သို့ ဆင်းလေသည်။

Don't Touch My Baby Yeol!!!Where stories live. Discover now