30

3.6K 384 38
                                    

📩babyပြန်နှင့်လိုက်နော် မောင် ကိစ္စရှိလို့ လာမကြိုတော့ဘူး😚

Messageကို ဖတ်ပြီးတာနှင့်  hoodieအိတ်ထဲ ပြန်ထည့်လာရင်း အချိန်ပိုင်း အလုပ်လုပ်ရာcoffee ဆိုင်လေးမှ ခပ်လှမ်းလှမ်းရှိ ကားမှတ်တိုင်လေး ဆီလျှောက်လာလိုက်သည်။

ကျောင်းကနေ အစော ကြီး ပြန်သွားခဲ့ပြီး နေ့တိုင်းအလုပ်ကို မပျက်မကွက်လာကြိုခဲ့သည့် လူကြီးက  အရေးတကြီး ကိစ္စတခုခုရှိနေပုံ ရသည်။

Bus ကား လာသည်နှင့် ခပ်သွက်သွက် ပြေးတက်လိုက်ပြီး  အနီးဆုံး ရှိ နေရာ လွတ်တခုတွင်ဝင်ထိုင် လိုက်ရင်း ဖုန်းကို ထုတ်ကြည့်မိပြန်သည်။

တနေ့လုံး  မတွေ့ ရတဲ့ အတွက် လွမ်းသလိုလို ရှိတာမို့  သိပ်များများစားစားမရှိလှသည့်လူကြီးနှင့်တွဲ ရိုက်ထားသည့်selcaအချို့ကိုထုတ်ကြည့်နေမိသည်။

သူ့ပါးဖောင်းဖောင်းတွေကို အူးမွလုပ်နေသည့် ပုံကြောင့်  ပါးလေးတွေပင် ရဲ တွတ် သွားသည်အထိ ရှက်သွေးဖြာသွားရပီး ဘေးဘီ ဝဲယာ ငဲ့ကြည်မိတာ မလုံမလဲ ဖြင့်။

နောက်တပုံက နှစ်ယောက်စလုံး နှုတ်ခမ်းပါးတွေ ဆူထော် ထားသည့် ပုံလေး။
လူကြီး ရဲ့ နှုတ်ခမ်းပါးလေးတွေဟာ  မဟားတရား ချစ်ဖို့ကောင်းလွန်းလို့ chanyeolလေးခမျာ ခဏခဏဆွဲ ကိုက်ဆွဲပစ်မိသည်အထိ။

V dayညပြီး ကတည်းက အရင်က ထက် ပို ချစ်ပြလာတတဲ့ လူကြီး ကြောင့် ကြည်နူးရသလို ပိုပြီး အချစ်တိုးရသည်။

Baekhyunတို့ စုံ တွဲ ကတော့ စိတ်ကောက်နေကြသည်ကြားတာမို့ အပြန်baekhyunဆီကို ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

.
.

ဒေါက်..
ဒေါက်..

Baekhyunအိပ်ခန်းရှိ မှန်ပြတင်းပေါက်ကို တတောက်တောက်ခေါက်နေသည့် အသံကြောင့် ကြက်သီးမွှေးညှင်းတွေအင် ထသွား ရပြီး လက်ထဲ က အဝတ်ရိုက် တုတ်ကို ပြေးယူပြီးသား။

အချိန်က ၇နာရီကျော်သာ ရှိသေးတာမို့  ဒီသူခိုးတော်တေ် အတင့်ရဲ တာပဲ ဟုတွေးမိရင်းပြတင်းပေါက်နား အသာကပ်သွားမိသည်။

ကိုကိုနဲ့ စိတ်ကောက်နေသည်မို့ စိတ်မကြည် သမျှ ထို အတင့်ရဲ သည့် သူခိုးအပေါ် ပုံ ချပစ်လိုက်မည် ဟု တွေးမိရင်း  ပြတင်း ပေါက်ကို   ဖွင့်လိုက်တော့

Don't Touch My Baby Yeol!!!Donde viven las historias. Descúbrelo ahora