21

3.8K 342 60
                                    

Coffeeဆိုင်ရှေ့ sehunရပ်စောင့်နေတာ နာရီဝက်လောက်ပင်ရှိနေပြီ...
ဟို ခလေး က ခုထိ ထွက်မလာသေးပေ...
ချစ်တယ် လို့ဝန်ခံထားတာက chanဖြစ်ပြီး သဝန်တိုနေရတာက သူဖြစ်သည်။

နောက်ထပ် ၅မိနစ်လောက်ကြာမှသာ ခပ်ကုပ်ကုပ် ထွက် လာသည့် ကောင်လေး...
ဆံပင် ပွပွလေးတွေနှင့် အရပ်ရှည်ရှည် ကောင်လေးက ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတာမို့ကောင်မလေးတော်တော်များများ၏idea typeဖြစ်နိုင်သည်။

"ဘာလို့ကြာနေတာလဲ"

" ဟို ကျောင်းသူလေးတွေက ဖုန်းနံပါတ်တောင်းလို့ ပေး..."

" ဘာ"

သူအော်လိုက်တော့ ခန္ဓာကိုယ်လေးက တုန်ခနဲ ဖြစ်သွားလေသည်။

" hyungဆိုင်ကယ် ရော "

သူ့ ကား ကို မျက်လုံးအဝိုင်းသားလေးတွေနှင့် ကြည့်ရင်းမေးလာသည်။

" ကားဝယ်လိုက်တာလား"

"ဟုတယ် မင်းပဲ  ဆိုင်ကယ်နောက် ကအမြဲတမ်းကြောက်လို့ လူကို ကုတ်ဖက်ထားတာကြောင့် ဝယ်လိုက်တာ"

မျက်နှာတင်းထားကာ အော် သလို ဖြစ်သွားတဲ့ သူ့ကြောင့် မျက်ရည် တအိအိဝိုင်းလာတဲ့ ကောင်လေး...
ဘာမှတော့ ပြန်မပြောပေမဲ့ seatတွင်ဝင်ထိုင်ပြီးခေါင်းလေး ငုံထားသည်။

ကောက်ကွေးနေတဲ့ ဆံပင် ပွပွလေးနဲ့ ဘေး တိုက်မြင်ရတဲ့မျက်နှာလေးက
ဖောင်းနေတဲ့ ပါးလေးတွေရယ် နှုတ်ခမ်းဖောင်းဖောင်း လေးရယ်...

" မင်း ဆံပင် ညှပ်ရမယ်"

မျက်ရည်ပြည့်နေသည့် မျက်လုံးလေးတွေက မော့ကြည့်လာတာအလန့်တကြား...

" ဟင့်အင်းကျွန်တော်မညှပ်ချင်ဖူး"

" ဘာလို့ မညှပ်ချင်ရတာလဲ"

မရဲတရဲ ပြန်ဖြေသည်က
...
" ဒီဆံပင်ပုံနဲ့လိုက်တယ်ထင်လို့"

လိုက်လွန်းလို့  ချစ်ဖို့ကောင်းတဲ့ဘက်ပင်ရောက်နေတာမို့ ညှပ်ကို ညှပ်ပေးရမည်။

" မရဘူး ညှပ် ရမယ် "

" ကျွန်တော် မညှပ်ချင်ဘူးဆို"

Don't Touch My Baby Yeol!!!Nơi câu chuyện tồn tại. Hãy khám phá bây giờ