26

3.4K 361 52
                                    

Baekhyunဟာ စာမေးပွဲ မ ဖြေနိုင်သည့် အထိမ်းအမှတ်ဖြင့် အိမ်တွင် နင်းဖြဲကာ စားသောက်နေရင်း အသားတိုးဝက်လို တရစ်ရစ်တိုးလာသည့် ဗိုက်ခေါက်ထူထူလေးများကို ပွတ်သပ်ရင်း အိပ်ယာပေါ် ပက်လက်ကလေးလှန်ကာ အဆီရစ်နေလေသည်။

Chanyeolသည်လဲ ဟို ဘွားတော်၏coffeeဆိုင်တွင် အလုပ်ဆင်းနေကာ..
Sehun hyungနှင့်ကိုကိုသည်လည်း သူတို့ အဖေပိုင်ရာ ကုမ္ပဏီတွင် အသီးသီးအလုပ်ဝင်လျက် ကျောင်းပိတ်ရက်တွေကို အကျိုးရှိရှိကုန်ဆုံးနေလေသည်။

"ကိုကို့ ဆီ ဖုန်းဆက် ရင်ကောင်းမလား"

အတွေးထက် လက် က မြန်လှစွာ #1နေရာက ကိုကို အမည်းတုံးဆက်စီဘဲကြီး🐻ဟုသော contactလေးကို ဖုန်းခေါ်လျက်သား...

တူ~တူ~

" ဟယ်လို  ကိုကို"

" ဘာလဲbaeမြန်မြန်ပြော ကိုကို အလုပ်ရှုပ်နေတယ်ကွာ"

ခပ်မာမာ ကိုကို့ အသံကြောင့် baekhyunမှာမျက်ရည်တွေပင်တတောက်တောက်ကျချင်ရသည်။
သို့ရာတွင် စိတ်ဓာတ်ခိုင်သူ ဖြစ်သောကြောင့် ကိုကို့ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ကို အပြေးအလွှားစဉ်းစားမိသည်။

"အထွေထူး ပြောစရာ မရှိရင် ဖုန်းချလိုက်တော့မယ် baeအားနေရင်လဲခဏခဏဖုန်းဆက်မနေနဲ့ အလုပ်လေးဘာလေးရှာ စိတ်ငြိမ်အောင် 
...ဒါပဲ ဒါပဲ"

#1 နေရာမှ ကိုကိုအမည်းတုံးဆက်စီဘဲကြီး 🐻ဟုသောနာမည်ကို ဖျက်ကာ
#1နေရာတွင် ဗိုက်ပူ 🐡ဆိုသောchanyeol ဖုန်းနံပါတ်လေးကို ထားလိုက်သည်။
ကိုကို့ ဖုန်းနံပါတ်ကို အောက်ဆုံးသို့ပို့လိုက်ရင်း နာမည် အသစ်ပေးရန် အပြေးအလွှားစဉ်းစားလိုက်ရသည်။

"အာ...သိပြီ လာထား ငါ့ကို သောက်ဖတ်မလုပ်ချင်အုန်း ဘောပဲ "

#10မှောင်မဲနေသောငုံးဥကောင်🐃

ဖုန်းလေးကို ပိတ်ကာ  hoddieတထည် ကောက်စွပ်လိုက်ရင်း မှန်ရှေ့ ရပ်လိုက်ရင်း လိုင်နာ ပါးပါးလေးတင်လိုက်သည်။
ပိုက်ဆံအိတ်အပြားလေးကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်ရင်း ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သေးသည်။

Byunbaekဆိုတဲ့စောက်ချောကြီးက အသဲမကွဲတတ်ပါ...
ဆောဒီးပဲ...

Don't Touch My Baby Yeol!!!Donde viven las historias. Descúbrelo ahora