31

3.5K 432 91
                                    

" Chanyeol စားလေ"

အရင်ကဆို တဖြဲနှစ်ဖြဲ စားသည့်chanyeollieက ခုတော့ တို့တိတိနှင့်သာ လက်ထဲကပေါင်မုန့်ကို တဖဲ့ချင်းဖဲ့ကာ စိတ်မပါလက်မပါဝါးနေသည်။

" စားမကောင်းလို့ "

Baekhyunရော kaiရော သိသည် ။ chanyeollie  sehunကြောင့်ဝမ်းနဲနေမှန်း။

" အဲ့ ဘဲက ဘာအထာလဲကိုကိုရာ "

" ကိုယ်လဲ မသိဘူး baeခု ရက်ပိုင်း အိမ်လဲ ပြန်မလာဘူး သူ့အိမ်မှာပဲအိပ်နေတာ"

Chanyeolက တော့ ကန်တင်းအပြင်ကိုငေး ရင်း ဘာဆိုဘာမှကြားပုံလဲမရ။
တခုခုဆို အလွန်အမင်းဝမ်းနဲတတ်တဲ့chanyeolအကြောင်းbaekhyunသာ အသိဆုံး။

" baeတော့ အရေခွံစုတ်ချင်နေပီ အဲ့ဘဲကို ကိုကို သိလား"

Kaiကတော့ ဘာမှပြန်မဖြေပေ။

" ပြန်တော့မယ် အတန်းမတက်ချင်တော့ဘူး "

" နေအုန်း လေ ငါတို့လိုက်ပို့မယ်"

" ရပါတယ်  မင်းတို့ လွပ်လွပ်လပ်လပ် စကားပြောကြပါ"

လွယ်အိတ်လေးလွယ်ကာ တကုတ်ကုတ် ထွက်သွားလေတော့သည်။

Chanyeolဖုန်းလေးကို တကိုင်ကိုင် ကြည့်နေရင်း လူကြီးများ ဖုန်းခေါ်လေမလား  ဏခဏ ဖွင့်ကြည့်ရတာအမော။

အရင်ကဆိုmessageလာက်တော့ ပို့ဖော်ရသေးပေမဲ့ ခုဆိုmesssageပင်မလာတော့တာ ၁ပတ် နီးပါး။

အိပ်ယာပေါ် နွမ်းခွေစွာ လှဲချမိရင်း  မျက်လုံးထဲဝေ့ သီလာသည့် မျက်ရည်စတို့က် မျက်တောင်နှင့်ပုတ်ခတ်သိမ်းဆည်းပစ်လိုက်သည်။

ကိုယ့်ဘက်က စဆက်သင့်သလား အကြိမ်ကြိမ်တွေးမိပေမဲ့ လူကြီး အနှောင့်အယှက် ဖြစ်သွားမလား ဆိုတဲ့ စိတ်ကြောင့် မဆက်ဖြစ်တော့ချေ။

" မအားလို့နေမှာပါ"

ဟုတယ်။ မအားလို့  နေမှာပါ။

မျက်လုံးထဲ naraဆိုတဲ့ အမကြီးနဲ့ ပြုံးရယ်နေတဲ့ လူကြီး မျက်နှာလေးကို မြင်မိတော့ မျက်ရည် က တလိမ့်လိမ့်။

ကိုယ်ပေါ်ကိုငုံ့ကြည့်တော့ ခပ်မို့မို့လေးပူနေတဲ့ အဆီဗိုက်ရယ် လူကြီးထက်ပင် အဆစ်အပေါက် ကြီးနေတဲ့ ခန္ဓာကိုယ်ကြီးက အမို့အမောက် အရှိုက်အဝန်းတို့နှင့်လှပနေသည့် ဟိုအမကြီး ၏ ငါးရံ့ ကိုယ်လုံးလေးနှင့်များတခြားဆီ။

Don't Touch My Baby Yeol!!!Hikayelerin yaşadığı yer. Şimdi keşfedin