Zaagyi
"ကျစ်....အရမ်းတွေ လိုက်တိုးနေတယ်"
လူသိပ်ရှုပ်တဲ့နေရာတွေကို
ဂျောင်းကုမနှစ်သက်တတ်ပေ....
ဒါပေမဲ့ အခုလောလောဆယ်တွင်မူ
များပြားလှသော လူတွေကြားဂျောင်းကု တိုးဝှေ့ နေရသည်...အကြောင်းမှာ သူချစ်ရပါသော
သူ့ရဲ့ကြယ်ကလေး KimTaeHyungရဲ့လက်မှတ်ကလေး တစ်ချက် ရရှိခွင့်....
မျက်ဝန်းခြင်း ခဏတာ ဆုံစည်းခွင့်....
စကားလေး ခဏတာ ပြောဆိုခွင့်....
ပြီးတော့ လက်ချောင်းလှလှလေးကို
ခဏတာ ဆုပ်ကိုင်နိုင်ခွင့် ရရှိချင်လို့........."ဟာ အမ ကြားမဖြတ်နဲ့လေ"
ဂျောင်းကု၏ အရှေ့တွင်ကြားဖြတ်နေရာယူလိုက်သော
Fangirlလေးအား ဂျောင်းကုဒေါသထွက်စွာ
ပြောဆိုလိုက်သည်...ထိုFangirlလေးကတော့
ဂျောင်းကုစကားကိုပင် ဂရုမစိုက်
သူမကြားဖြတ်လိုက်သည့်နေရာက မဖယ်ပေးချေ....*အော်....ငါ့ကိုစွဖတ်မလုပ်ဘူးပေါ့....
တွေ့ကြပြီပေါ့ သက်ကြားအိုမကြီးရယ်*ဂျောင်းကု မသိမသာလေး ထိုFangirlလေးရဲ့
ခြေထောက်အား တက်နင်းချလိုက်သည်..."အ.."
မသိဘူးနော် ဂျောင်းကုလေးဘာမှမသိဘူး
ခြေထောက်လေးက သူ့ဟာသူ တက်နင်းလိုက်တာ..."လာ...လာ...လာ..."
Fangirlလေးရဲ့ မျက်စောင်းကိုပင် ဂရုမစိုက်
သီချင်းလေးပင် ညည်းလိုက်သေး...*အိုး....ဘွတ်ဖိနပ်ကြိုးလေးတောင် ပြေသွားရှာတယ်
သနားစရာ...*လူတွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားသလို
ဂျောင်းကု အရှေ့ကFangirlလေးအလှည့်သို့ပင်
ရောက်လာသည်...ပြေသွားသော ဖိနပ်ကြိုးလေးကိုပင် မသိမသာလေး
ဂျောင်းကုနင်းထားသောကြောင့်
ရှေ့သို့ခြေလှမ်းလိုက်သော Fangirlလေးခမျှာ
မရှု့ မလှ ခလုတ်တိုက်သွားသည်...
YOU ARE READING
BYEOL (ကြယ်ကလေး)
Fanfictionစိတ်ဆိုးကြည့်ချင်တာတောင် ကိုယ့်ဘ၀ကို တွေးပြီး စိတ်လျော့လိုက်ရတာမျိုး~~ ခင်ဗျားချစ်ပေးတဲ့ Fanboysလေးတွေထဲမှာ ကျွန်တော် ပါမယ်မဟုတ်လား Tae? Fanboyတစ်ယောက်နဲ့ သူရဲ့Idolလေးတစ်ယောက် အကြောင်း.......... ...