Ep.12

3.5K 383 14
                                    

Zawgyi

"ဒါဆို အဲ့တုန်းကစွာတေးလေးက မင်းပေါ့"

အတိတ်နှင့် ပစ္စုပ္ပန်အားချိတ်ဆက်မှုအပြီး
ထိုည clubတွင်တွေ့ခဲ့သော
ကောင်လေးမှာ မိမိအရှေ့တွင်ရှိနေသော
ကောင်လေးပင် ဖြစ်လေပြန်သည်....

"ထယ်ထယ်က မှတ်ဥာဏ်မကောင်းဘူးပဲ"

"အဲ့ည ကမင်းမျက်နှာမှ မမြင်ဖူးလိုက်တာ
ဘာပဲ ပြောပြော ကိုယ့်ဘက်က
ကိုယ်ဘယ်သူလဲဆိုတာ ထုတ်မပြောလိုက်ရသေးဘဲ
သိသွားလို့ ကျေးဇူးတင်တယ်"

မိမိပြောလိုက်သည့်စကားကို
ရွဲ့သည်ဟု ထင်သွားပုံရသည့် ကောင်လေးက
ခြေထောက်လေးနှစ်ဖက်ကို
သဲပြင်ပေါ်တွင့် စောင့်အောင့်ရင်း...

"ထယ်ထယ်ကလည်း
အဲ့တုန်းက ဂျောင်းကုကမှ သီချင်းမကြိုက်တာ"

"အခုတော့ ကြိုက်သွားပြီ"

အခုရောဟု ထယ်ယောင်းမေးဟန်အပြင်မှာပင်
ထယ်ယောင်းအား တည့်တည့်မတ်မတ်ကြည့်ကာ
ဂျောင်းကုက ကြားဖြတ်ကာ ဝင်ဖြေသွားလေသည်...

ထယ်ယောင်း၏ မယုံသင်္ကာမှု အပေါင်းနှင့်
မျက်ခုံးပင့်ပြသည်ကပင် စွဲမက်စရာကောင်းသေးသည်ဟု
ဂျောင်းကု ထင်နေလေသည်...

"ဒါနဲ့ ထယ်ထယ်အဲ့တုံးက clubကို
ဘာလာလုပ်တာလဲ idolတစ်ယောက်အနေနဲ
မလာသင့်ဘူး မလား"

တွေးတွေးဆဆနဲ့ ဂျောင်းကု စကားကို
ထယ်ယောင်း ပုခုံးတစ်ချက်တွန့်ပြကာ
အဖြေတော့မပေးပေ...

"ဒါဆို မင်းကရော
အဲ့တုန်းက ကျောင်းသားအရွယ်ကို
ပျက်စီးလှချည်လား"

"ထယ်ထယ်တောင် ဖြေလို့လား"

လက်ဖျားခါချင်စရာ စကားလမ်းလွှဲမှုအပြီးတွင်
ထယ်ယောင်း၏ ဆုံးမစကားအဖုံဖုံကို
ဂျောင်းကု နားဆင်ရသည်...

ထယ်ယောင်း၏ အသံဩဩက
သီချင်းဆိုရ၌တွင်သာ စွဲဆောင်မှုရှိသည်မဟုတ်
ဂျောင်းကုကို ဆူရာတွင်လည်း ဆွဲဆောင်မှုရှိပေသည်...

"အဲ့တုန်းက အခုလို အချွဲတုံးလေး မဟုတ်ပါဘူး
ဘယ်လိုဖြစ်သွားတာလဲ"

ထယ်ယောင်းတကယ်ပင် သိခြင်လာ၍မေးလိုက်သည်
အဲ့တုန်းက သူသိတဲ့ကောင်လေးက
ပက်ပက်စက်စက် ဘုကလန့်ဆန်တာရယ်ပါ...

BYEOL (ကြယ်​က​လေး)Where stories live. Discover now