Ep.9

3.8K 416 31
                                    


Zawgyi

ဂျောင်းကုနှင့် ဂျီမင်းတို့
စာလုပ်ရင်း သတ်ရင်းဖြင့်
ညနေ လေးနာရီလောက်တွင်
ဂျီမင်းက အိမ်ပြန်သွားလေသည်...

ဂျောင်းကုလည်း ရေချိုးရန်
အင်္ကျီချွတ်နေစဉ်မှာပင်
တံခါးဖွင့်သံနှင့်အတူ
ဂျီမင်းရောက်လာသည်

"အား.....ဘာလာလုပ်​တာလဲ "

တစ်ဝက်ပင်မကျွတ်သေးသော
အင်္ကျီလေးကို ဂျောင်းကု အတင်းချွဲချလိုက်သည်..

"ဟဲ...ဟဲ...ငါ့မုန့်ထုပ်လေးကျန်ခဲ့လို့လာယူတာပါ
မင်းကလည်းနော် အချင်းချင်းကို"

"ယူပြီးရင်လည်းသွားတော့
တစ်ခါတည်း ကြည့်သွား ဘာကျန်သေးလဲလို့"

မျက်လုံးဖြင့် အခန်းတစ်ခန်းလုံး ခြုံကြည့်ရင်း

"မင်းကို ချစ်တဲ့ ငါ့အချစ်တွေတော့
ဒီအခန်းထဲမှာ ကျန်ခဲ့တယ်"

"ခွေးကောင်"

ဂျောင်းကု အိပ်ယာပေါ်ရှိနီးစပ်ရာ ခေါင်းအုံးဆွဲကာ
ဂျီမင်းအား ပေါက်လိုက်သည်...

ဂျီမင်းလည်း ဂျောင်းကု၏ခေါင်းအုံးကို
ရှောင်ပြီး ပြုံးစိစိဖြင့် ထွက်သွားလေသည်...

ဂျီမင်းထွက်သွားသောအခါတွင်
ဂျောင်းကုလည်း အင်္ကျီချွတ်ခြင်းအလုပ်ကို
ဆက်လက် လုပ်ဆောင်သည်...

လုပ်ဆောင်မှုအပြီးတွင်
နောက်ထပ်တံခါးဖွင့်သံကြားလိုက်ရသည်

*ချီးပဲ ဂျီမင်းရေ...
မပြီးဆုံနိုင်သော ငါ့အခန်းထဲသို့ ဝင်ခြင်းပါပဲ*

ဝင်လာသူကား ဂျီမင်းမဟုတ်ပဲ
ထယ်ယောင်းဖြစ်နေသောအခါ
ဂျောင်းကု အံ့ဩခြင်းများစွာဖြင့်
ထယ်ယောင်းအား ကြောင်ကြည့်နေသည်...

အင်္ကျီမဝတ်ရသေးသော မိမိအဖြစ်ကို
သတိရသွားသောအခါတွင်
အိပ်ရာပေါ်သို့ အမြန်ပြေးတက်ကာ
စောင်ပုံတွေကြား ခန္ဓာကိုယ်လေးကို
ဝှက်ထား လိုက်သည်...

"ဘာ...ဘာလို့ တံခါးမဝင်ပဲ ​ခေါက်လာတာလဲ...အဲ
တံခါးမခေါက်ပဲ ဝင်လာတာလဲ"

စောင်ပုံတွေကြား ခေါင်းလေးပဲဖော်ကာ
မျက်နှာ ပန်းရောင်နှင့်ကောင်လေးက
မည်မျှရှက်သွားသည် မသိ
စကားတွေတောင် မှားကုန်သည်..

BYEOL (ကြယ်​က​လေး)Where stories live. Discover now