Ep.11

3.6K 393 17
                                    

Zawgyi

"လွန်ခဲ့တဲ့ တစ်နှစ်လောက်က
Clubတစ်ခုမှာ ခင်ဗျားဝင်တိုက်မိတဲ့
ကောင်လေးတစ်ယောက်ကို မှတ်မိလား"

အတွေးတို့ နောက်ပြန်ရစ်လိုက်သောအခါ
မှတ်ဥာဏ်တစ်နေရာတွင် ရှိခဲ့သော
ကောင်လေးတစ်ယောက်ကို
ထယ်ယောင်းသတိရမိသွားသည်...

Flash back...

သူငယ်ချင်းတစ်ယောက်၏ မွေးနေ့မို့
ဂျောင်းကုနှင့် ဂျီမင်းအတွဲညီစွာ
ပထမဆုံး အိမ်မှခိုးထွက်၍
အသက်မပြည့်ပဲ clubတက်သောည...

ထူးခြားသည်က ထိုclubတွင်
တက်ရောက်သူအပေါင်းမှာ
Maskတက်ရခြင်းဖြစ်သည်...

ဂျောင်းကုလည်း dancing floorထက်
ကနေရင် ဒယိမ်းဒယိုင်ဖြင့်
Maskတက်ထားသော လူတစ်ယောက်က
ဝင်တိုက်မိလေသည်...

"ဒီမှာ ခင်ဗျား လူတစ်ယောက်လုံကို
ဝင်တိုက်ပြီးရင် တောင်းပန်ရမယ်ဆိုတဲ့
လူ့ကျင့်ဝတ်ကို မသင်ရဘူးလား"

ဆူညံလွန်းလှသည့်
အသံကျယ်ကျယ်တွေကို ကျော်လွန်ကာ
တော်ရုံ အသိအမှတ်မပြုတတ်သော
နားစည်ထဲသို့ စူးစူးစိုက်စိုက်ဝင်လာသည့်
အသံခပ်ချိုချိုလေးကြောင့်
ထယ်ယောင်း ဝင်တိုက်မိသော
ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်...

"အေး မသင်ရဘူး
ဘာလို့ဆို သင်ပေးမဲ့ အမေက
ကိုယ့်ကို ဂရုမစိုက်လို့ပဲ"

ခပ်စူးစူး သီချင်းသံ​တွေကြားထဲ
တဖျက်ဖျက် အလင်းရောင်အောက်တွင်
လူတစ်ယောက် အထူးသဖြင့် ယောက်ျားတစ်ယောက်နှင့်
စကားစမြည်ပြောရခြင်းထက်
မိန်းမတစ်ယောက်နှင့် စိတ်လွတ်ကိုယ်လွတ်ကရမည်က
ပို၍အကျိုးရှိလိမ့်မည်ဟု ထယ်ယောင်းထင်မိသဖြင့်
ခပ်စူးစူးအသံပိုင်ရှင် ထိုလူသားအား
ထယ်ယောင်း ကန့်လန့်တိုက်ဖြေကြားလိုက်သည်...

"အခုသိပြီမလား နောက်ဆိုမရိုင်းစိုင်းနဲ့"

အဖြေက ရင့်သီးလွန်းသည်မို့
ဂျောင်းကုလည်း အကျင့်အတိုင်း
ပိတ်ဟောက်လိုက်သည်....

"ဒီမှာ တစ်ဆိတ် မင်းနည်းနည်းတော့လွန်နေပြီ"

ထယ်ယောင်းထက် အရပ်ပုရုံမက
ခန္ဓာကိုယ် အရွယ်အစားပါ သေးငယ်သည့်တိုင်
ထယ်ယောင်းကို အရှိန်အဝါကောင်းကောင်းနှင့်
ချိုးနှိမ်နိုင်သည့် တစ်ဦးတည်းသောလူသားရှိနေပြီလောဟု
အလန့်တကြားတွေးမိလိုက်ချိန်မှာပင်
ထိုလူသားက ထယ်ယောင်း ရင်ဘတ်ကို
လက်သီးစုပ်ကလေးဖြင့် ထုလိုက်သည်...

BYEOL (ကြယ်​က​လေး)Место, где живут истории. Откройте их для себя