Ep.1

13.6K 794 131
                                    

Zaagyi

"ကျစ်​....အရမ်း​တွေ လိုက်​တိုး​နေတယ်​"

လူသိပ်​ရှုပ်​တဲ့​နေရာ​တွေကို 
ဂျောင်းကုမနှစ်​သက်​တတ်​​ပေ....
ဒါ​ပေမဲ့ အခု​​လော​လောဆယ်​တွင်​မူ
များပြားလှ​သော လူ​တွေကြား​ဂျောင်းကု တိုး​ဝှေ့ ​နေရသည်​...

အ​ကြောင်းမှာ သူချစ်​ရပါ​သော
သူ့ရဲ့ကြယ်​က​လေး KimTaeHyungရဲ့

လက်​မှတ်​က​လေး တစ်​ချက်​ ရရှိခွင့်​....
မျက်​၀န်းခြင်း ခဏတာ ဆုံစည်းခွင့်​....
စကား​လေး ခဏတာ ​ပြောဆိုခွင့်​....
ပြီး​တော့ လက်​​ချောင်းလှလှ​လေးကို
ခဏတာ ဆုပ်​ကိုင်​နိုင်​ခွင့်​ ရရှိချင်​လို့.........

"ဟာ အမ ကြားမဖြတ်​နဲ့​လေ"

ဂျောင်းကု၏ အ​ရှေ့တွင်​ကြားဖြတ်​​နေရာယူလိုက်​​သော
Fangirl​လေးအား ​ဂျောင်းကု​ဒေါသထွက်​စွာ
ပြောဆိုလိုက်​သည်​...

ထိုFangirl​လေးက​တော့
ဂျောင်းကုစကားကိုပင်​ ဂရုမစိုက်​ 
သူမကြားဖြတ်​လိုက်​သည့်​​နေရာက မဖယ်​​ပေး​ချေ....

*​​အော်​....ငါ့ကိုစွဖတ်​မလုပ်​ဘူး​ပေါ့....
တွေ့ကြပြီ​ပေါ့ သက်​ကြားအိုမကြီးရယ်​*

ဂျောင်းကု မသိမသာ​လေး ထိုFangirl​လေးရဲ့
ခြေ​ထောက်​​အား တက်​နင်းချလိုက်​သည်​...

"အ.."

မသိဘူး​နော်​ ​ဂျောင်းကု​လေးဘာမှမသိဘူး
ခြေ​ထောက်​​လေးက သူ့ဟာသူ တက်​နင်းလိုက်​တာ...

"လာ...လာ...လာ..."

Fangirl​လေးရဲ့ မျက်​​စောင်းကိုပင်​ ​ဂရုမစိုက်
သီချင်း​လေးပင်​ ညည်းလိုက်​​သေး...

*အိုး....ဘွတ်​ဖိနပ်​ကြိုး​လေး​တောင်​ ​ပြေသွားရှာတယ်
သနားစရာ...*

လူ​တွေတစ်​​ယောက်​ပြီး တစ်​​ယောက်​​ပြောင်းသွားသလို
ဂျောင်းကု အ​ရှေ့ကFangirl​လေးအလှည့်​သို့ပင်
ရောက်​လာသည်​...

ပြေသွား​သော ဖိနပ်​ကြိုး​လေးကိုပင်​ ​မသိမသာ​လေး
ဂျောင်းကုနင်းထား​သော​ကြောင့်
ရှေ့သို့​ခြေလှမ်းလိုက်​​သော Fangirl​လေးခမျှာ
မရှု့ မလှ ခလုတ်​တိုက်​သွားသည်​...

BYEOL (ကြယ်​က​လေး)Donde viven las historias. Descúbrelo ahora