Ep.4

4.8K 535 47
                                    

Zawgyi

ထယ်​​ယောင်းတစ်​​ယောက်
ပွဲအချိန်​လည်းလို​သေးတာရယ်
လူ​တွေအများကြီး​နှင့်
မွန်းကြပ်​တယ်​လို့ ခံစားရ​တာ​ရယ်​ကြောင့်
Toilet ဘက်​သို့ထွက်​လာခဲ့သည်​.....

အမှန်​ဆို ဒီပွဲကိုတက်​ဖို့
သူ့ ဆန္ဒမပါ...
မွေးသမိခင်​ ​ကျေးဇူးရှင်​ကြီးက
စရန်​​ငွေ ကြိုယူထား၍သာ
မဖြစ်​မ​နေ ပွဲတက်​ရခြင်း.....

သူToiletကအထွက်​မှာ
ဖုန်းကြီး ​ခေါင်းစိုက်​ပြီး
လမ်း​လျှောက်​လာတဲ့ ​ကောင်​​သေး​လေး...
စိတ်​ညစ်​တဲ့ အချိန်​တိုင်း
စိတ်​ကူးထဲမှာ ​ပေါ်လာတဲ့
မျက်​နှာပိုင်​ရှင်​​လေး မဟုတ်​လား....

ကင်​မ်​ထယ်​​ယောင်းဆိုတဲ အိုင်​​ဒေါတစ်​​ယောက်​ရဲ့
ဖြစ်​တည်​မှုကို​မေ့ပြီး...
ကောင်​​လေး​ရှေ့ တမင်​ပိတ်​ရက်​လိုက်​​တော့
ခန္ဓာကိုယ်​ငယ်​​လေးက သူကိုဝင်​တိုက်​မိ​လေရဲ့...

တောင်းပန်​ပြီးပြန်​ထွက်​မယ်​ဟု
စိတ်​ကူးထားမိသည်​...
ဒီ​ကောင်​​လေးက Fansignပွဲမှာ​တွေ့တုန်းက
ခပ်​​အေး​အေး​လေးပဲဟာ...
ပြသာနာ မရှာ​လောက်​ပါဘူး​လေ...

တောင်​ပန်​ရန်​အပြင်​ ကြားလိုက်​ရတဲ့
ခပ်​စူးစူးအသံ​လေးက တရစပ်​ကို
မနားတမ်း လွှတ်​​လေရဲ့....

ဘယ်​လို​တောင်​ ချစ်​ဖို့​ကောင်းလိုက်​သလဲ...

နောက်​ဆုံး​တော့ စကားတစ်​ခွန်းမှမ​ပြောတဲ့
ကျွန်​​တော့်​ကို အားမလိုအားမရဖြစ်​ကာ
Maskကိုဆွဲ ချွတ်​​လေ​တော့လည်း
လူက မရုန်း​မိ....

ဒီ​ကောင်​​လေးက လူကိုမရုန်းနိုင်​​အောင်
ညို့ယူထား​လေ သလား...

ထို​နောက်​ ​ကောင်​​လေးနှုတ်​ဖျားမှထွက်​လာ​သော
ခပ်​တိုးတိုး ကျွန်​​တော့်​ နာမည်​...

မထူးဇာတ်​ခင်းကာ နှုက်​ဆက်​လိုက်​​တော့
ကြောင်​ပြီးကြည့်​​နေ​လေသည်​...
ခုနက ခပ်​စွာစွာ​ကောင်း​လေး ဘယ်​​ရောက်​သွားပါလိမ့်​...

"ကိုယ်​ ဖုန်းကိုပြန်​​လျော်​​ပေးပါ့မယ်​​နော်
အခု ​ဖျော်​​ဖြေစရာ​လေးရှိလို့ သွားလိုက်​ပါအုံးမယ်
ထပ်​​တွေ့ ချင်​ပါတယ်​Toki"

BYEOL (ကြယ်​က​လေး)Where stories live. Discover now