Ep.14

3.4K 385 42
                                    

Zawgyi

After 3 years later...

ဂျောင်းကုအသက် 19နှစ်တွင်
ပြင်သစ်မှ စီးပွားရေး တက္ကသိုလ်၌
ဘွဲ့ရ၍ ကိုရီးယားမြေသို့ ပြန်လာခဲ့သည်....

သုံးနှစ်အကြာ ပထမဆုံး
အမိမြေကို အခြေချရသည်မို့
လေဆိပ်ပတ်ဝန်းကျင်ကို
ဝေ့ဝိုက် ကြည့်ရှု့လိုက်စဉ်....

"မေမေ သားဒီမှာ!"

လာကြိုသည့် အမေဖြစ်သူကို
လက်လှမ်းပြလိုက်သည်...

"မတွေ့တာကြာလို့ ပိုရုပ်ဆိုးလာတယ်
ကြည့်ပါအုံး"

"မေမေနဲ့တူလို့"

"ဟားးး "

ဂျောင်းကုနှင့် အမေဖြစ်သူနှစ်ယောက်သား
ပွေ့ဖက်နေရင်းမှ လူချင်းပြန်ခွာလိုက်သည်...
ထို့နောက် အိမ်ပြန်လမ်းဆီသို့ဦးတည်လိုက်သည်..

"Seoul ကအများကြီး ပြောင်းလဲသွားတယ်နော်မေမေ"

အပြန်လမ်းတစ်လျှောက်ရှိ
Seoul မြို့၏လေထုကို ရှူရှိက်ရင်း
ဂျောင်းကု ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်..

ကြော်ငြာတစ်ခုအား မရည်ရွယ်ပါပဲ
အကြည့်ရောက်သွားတော့ တွေ့လိုက်ရသည်က သူ...
'သူ'ဆိုသည်မှာ ဂျောင်းကု၏
နှစ်ယောက်မရှိသော ထယ်ယောင်း...

လက်အစုံက မော်ဒယ်အမျိုးသမီးတစ်ယောက်၏
ခါးသွယ်သွယ်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားရင်း
မျက်ဝန်းအစုံက ထိုအမျိုးသမီး၏ နှုတ်ခမ်းဆီသို့
ဦးတည် ကြည့်ရှု့သည်...

ခင်ဗျားလည်းပြောင်းလဲသွားလား ထယ်!
ကျွန်တော့်ကိုရော မေ့နေလောက်ပြီလား?

အိမ်ပြန်ရောက်တော့လည်း
ဖေဖေကိုမတွေ့သည်မို့ နှုတ်မဆက်တော့ပဲ
ဂျောင်းကုအခန်းထဲသို့ နားရန်ဝင်လာခဲ့သည်

များမကြာမီအချိန်မှာ ဂျောင်းကု၏
အခန်းထဲသို့ မေမေဝင်လာလေသည်...

"ပြင်သစ်မှာ အဆင်ပြေတယ်မလား"

"ဒီမှာလောက်တော့ ဘယ်ပြေမလဲ မေမေရဲ့
သားက မေမေ့ကို အများကြီးလွမ်းနေတာ"

မေမေ့ရင်ခွင်ထဲသို့ ဂျောင်းကုခေါင်းလေးတိုးကာ
ချွဲနေမိတော့ မေမေက ဂျောင်းကု၏
ဆံပင်လေးတွေအား ဖွကာ...

BYEOL (ကြယ်​က​လေး)Where stories live. Discover now