Ep.13

3.5K 395 24
                                    

Zawgyi

"ခင်ဗျာကို ကြည့်ရတာ မသက်သာလိုက်တာ..."

ဂျောင်းကုအား အိမ်အလည်ခေါ်သည့်နေက
နေ့လည်စာ စားနေရင်း
ဖုန်းဝင်လာသည်မို့ ဂျောင်းကုကိုပင်
အိမ်ပြန်လိုက်မပို့နိုင်တော့ပဲ
အလုပ်ကိစ္စဖြင့် overseaထွက်သွားရသည်လေ..

ယခုတွင်မူကား
ထယ်ထယ်လိုက်ပြောပေးသည်မဟုတ်ပဲ
ဂျောင်းကုမေမေ့အား မရမကချွဲကာ
သူ့ fansignပွဲသို့ရောက်အောင်လာခဲ့ခြင်းဖြစ်သည်...

ဒီနေ့မနက်တွင်မှ overseaမှပြန်လာပြီး
နေ့လည်ခင်းတွင် fansignပွဲအား
အပြုံးမပျက် လာတက်ရောက်သော
ထယ်ယောင်းကို ကြည့်ကာ
ဂျောင်းကု စိတ်ပူလာသည်...

"အလှည့်​ရောက်ဖို့ ကလည်း
အများကြီး လိုသေးတယ် ဟင်းးး "

Fangirlများအလည် မျက်စိပျက်မျက်နှာပျက်
ဖင်တကြွကြွဖြင့် မိမိအလှည့်ရောက်မည်ကို
ဂျောင်းကု စောင့်ရသည်မှာ
စိတ်မရှည်တော့ပါ...

မျှော်ကြည့်ရင်ပင် ထယ်ယောင်း၏
အရိပ်အယောင်ပင် မမြင်ရသည်မို့
အနည်းငယ်တော့ဒေါသထွက်မိသည်...

"ဘယ်လိုဖြစ်ပြီး လိုက်တိုးနေတာလဲ"

တစ်ခါမဟုတ် နှစ်ခါမဟုတ်
အနောက်ကတစ်ယောက်က အတင်းကြီး
လိုက်တိုးနေသည်မို့ ဂျောင်းကု
နောက်လှည့်ကာ ပြစ်တင်ပြောဆိုလိုက်သည်...

"လူဒီလောက် ကြပ်နေတာပဲ
သည်းခံပေါ့"

"ဟ.....သည်းခံတယ်ဆိုတာလည်း
အတိုင်းအတာရှိတယ်
အစ်မက တစ်ခါမဟုတ် နှစ်ခါမဟုတ်နော်"

သူကပင်မှားကာ သူကပင်ဟောက်နေသည်မို့
ဂျောင်းကု စကားပြောချင်စိတ်မရှိတော့သော်လည်း
ပြန်ပြောလိုက်သည်...

"အောင်မယ်လေးနော် ယောက်ျားလေးဖြစ်ပြီး"

"ယောက်ျားလေးဖြစ်လို့ပဲ
အတင်းလိုက်တိုးနေတာမလား
Idolမရလည်း Fanboyနဲ့ငြိလည်းအဆင်ပြေတယ် လာမလုပ်နဲ့နော် ဒါမျိုးတွေက ရိုးဟိုး......နေပြီ"

ဂျောင်းကုစကားကြောင့်
မျက်နှာကြီးမည်းသွားသော Fangirlလေးကိုတော့
ဂျောင်းကု မသနားမိတော့...

BYEOL (ကြယ်​က​လေး)Where stories live. Discover now