Ep.15

3.7K 397 42
                                    

Zawgyi

ပွဲပြီးသွားသည့်အခါတွင်
ဖေဖေက ဂျောင်းကုကို လုပ်ငန်းခွင် ဝင်ဆံစေရန်
မော်ဒယ်များနှင့်မိတ်ဆက်ပေးသည်။

မော်ဒယ်များကုန်သလောက် ရှိပြီဖြစ်သော်လည်း
ထယ်ယောင်းအား ယခုထိပင် ဂျောင်းကုမတွေ့ရသေးပါ

"Hey uncle!"

အသံပြုကာ လာရောက်နှုတ်ဆက်သော
ထယ်ယောင်းဘေးတွင် စင်ပေါ်၌အတူရှိနေခဲ့သော
တစ်ယောက်ကလည်း အတူပါလာလေသည်။

"အော် ထယ်ယောင်းတို့ပါလား
မိတ်ဆက်ပေးရအုံးမယ် ဒါဦးရဲ့သား ဂျွန်ဂျောင်ကုတဲ့
မှတ်ထားနော် နောက်ဆို ဦးရဲ့လုပ်ငန်းတွေ
သူပဲ ဦးစီးတော့မှာ''

ကျွန်တော်တို့က ဖေဖေမိတ်ဆက်ပေးစရာမလိုတဲ့
ရင်းနှီးမှုမျိုးရှိခဲ့တယ်လို့ ခင်ဗျားဘာလို့ မပြောတာလဲ ထယ်?

"တွေ့ရတာ ဝမ်းသာပါတယ်
ကိုယ်က ကင်မ်ထယ်ယောင်းပါ
ပထမဆုံးအကြိမ် တရားဝင်မိတ်ဆက်ခြင်းပါ"

"ထယ်ယောင်းရေ သူကငယ်ငယ်က
သားရဲ့ fansignတွေကို ကျောင်းလစ်ပြီးသွားလို့
အန်ကယ်ဆို အမြဲရိုက်ရတာ
သား မိတ်မဆက်လည်း သူကသိမှာ သားရဲ့"

အတိတ်က အကြောင်းတွေ ပြန်ပြောသောအခါ
လက်ခနဲဖြစ်သွားတဲ့ ကျွန်တော့် မျက်လုံးတွေကိုကြည့်ပါ။
တကယ်ပဲ ခင်ဗျား ကျွန်တော့်ကို မမှတ်မိဘူးလား?

"အော် ဒါကြောင့်မျက်နှာလေးကို
ရင်းနှီးသလိုရှိနေတာကို ဘယ်မှာမြင်ဖူးမှန်းမသိလိုက်ဘူး"

"သား မေမေ့ဆီ သွားလိုက်အုံးမယ် ဖေဖေ"

ဂျောင်းကု ဆက်ပြီးမနေနိုင်တော့တဲ့အဆုံး
ထယ်ယောင်းဆီမှ ရှောင်ထွက်လာခဲ့တော့သည်။
ခင်ဗျားတကယ် အကျင့်တစ်စက်ကလေးမှ
မကောင်းတဲ့ အကောင်ကြီးပဲ...

ဂျောင်းကုထိုင်နေသည့်ဝိုင်းသို့
ထယ်ယောင်းနှင့် မော်ဒယ်ကောင်မလေးသည်
လာထိုင်ခဲ့သည်။
ထိုကောင်မလေးမှာ ထယ်ယောင်းနှင့်နာမည်ထွက်နေသည့်တစ်ယောက်ဆိုတာ မေမေပြောပြလို့ ဂျောင်းကု သိထားပြီးဖြစ်သည်။

တစ်ချက်တစ်ချက် ဂျောင်းကုကိုခိုးပြီးကြည့်လာပြန်ပြီး
တစ်ချက်တစ်ချက် ထိုမော်ဒယ်မလေးနှင့် တီးတိုးပြောကာ
ပြုံးရယ်နေတတ်သည်။

BYEOL (ကြယ်​က​လေး)Where stories live. Discover now