Ep.7

4.2K 458 24
                                    

Zawgyi

"Toki....ထတော့
အိမ်ရောက်နေပြီ"

"အင်းးးးမေမေ...ငါးမိနစ်"

ကားစက် စနှိုးကတည်းကပင်
တရှူးရှူးတရှဲရှဲ အိပ်ပျော်သွားသည့် ဂျောင်းကုမှာ
ထယ်ယောင်းနှင့် ကားတစ်စီးတည်းစီးနေရသည်ကို
မေ့ပြောက်နိုင်လောက်အောင်ကိုပင် အရမ်းအိပ်ချင်နေပြီ ဖြစ်သည်...

ဂျောင်းကု၏ပုံမှန်အိပ်ရာဝင်ချိန်မှာ ဆယ်နာရီပင်ဖြစ်သည့်အတွက် ယခုဆယ့်နှစ်နာရီကျော်ဟူသည့် အချိန်အရ ဂျောင်းကု၏မျက်လုံးများမှာ လုံးဝမှေးစင်းနေပြီ....

အိမ်ရောက်၍ ထယ်ယောင်းနှိုးသည်ကိုပင်
မေမေအထင်နှင့် အိပ်ချိန်ကိုဈေးစစ်နေပြန်သေးသည်...

"Tokiရေ မင်းအိမ်ရှေ့ရောက်နေပြီလို့"

ဂျောင်းကုမျက်နှာအနည်းကို ထယ်ယောင်းတိုးကပ်ကာ
ယခင်ထက် အနည်းငယ်ကျယ်သော လေသံဖြင့်နှိုးလေတော့ အိပ်မှုန်စုံမွှားဖြင့် လက်ကလေးနှစ်ဖက်က မျက်လုံးလေးအား ပွတ်သက်ကာ ထယ်ယောင်းအားကြည့်လာသည်....

ပြီးလျှင် ထယ်ယောင်းပါးလေးအား လက်ညိုးဖြင့်ထိုးကြည့်ကာ ရုတ်တရက် ကိုက်ချလိုက်သည်...

"အ!"

ထယ်ယောင်း၏ အော်သံကြားခါမှ
အိပ်ရာမှလန်းနှိုးလာသကဲ့သို့ ဂျောင်းကု၏မျက်လုံးများ ပြူးကျယ်လာတော့သည်....

ဂျောင်းကု၏ ကိုက်ရာအကွင်းလိုက်ပါးလေးကို
ကိုင်ကာ ဂျောင်းကုကိုကြည့်နေသည့်ထယ်ယောင်းကို ဂျောင်းကု မရဲတရဲလေးကြည့်ကာ ငိုမဲ့မဲ့လေးဖြင့်....

"ဟို....ထယ်ထယ့်ပါးတွေက ဂျောင်းကုစားနေကျ
စတော်ဘယ်ရီလေးတွေနဲ့တူလို့ ကိုက်လိုက်မိပါတယ်
အဟင့်....ဟင့်....ဂျောင်းကုက...အဟင့်...တောင်း...ဟင့်....တောင်းပန်ပါတယ်...."

သူကပင် ထယ်ယောင်း၏ပါးကို ဦးအောင်ကိုက်ပြီး
သူကပင်ငိုသွားသောဂျောင်းကုကြောင့် ထယ်ယောင်းမှာ မည်သို့ပင် စချော့ရမည်မှန်းမသိတော့....

"မေမေက ဂျောင်းကု မနိုးရင် မုန့်ကျွေးပြီးနှိုးတတ်လို့ ဟင့်
စတော်ဘယ်ရီလာကျွေးပြီးနှိုးတယ် ထင်လို့ကိုက်လိုက်တာပါ....အင့်...ဂျောင်းကုကိုမဆူပါနဲ့နော်...ဟင့်"

BYEOL (ကြယ်​က​လေး)Where stories live. Discover now