Ep.10

3.8K 409 6
                                    

Zawgyi

ကျောင်းတက်ရသည့် ရက်တွေ
မြန်မြန်ကုန်စေရန် ဂျောင်းကု
ညအိပ်ရာ ဝင်တိုင်း
ဆုတောင်းနေတတ်သည်....

ကျောင်းပိတ်ရက်ကို
ဂျောင်းကု အမြန်ပင်ရောက်ချင်လှပြီ...

ပျင်းရိဖွယ် ကောင်းလှသည့်စာတွေကို
ဦးနှောက်က လက်ခံနေရည်မှာ
အတော်ပင် ငြီးငွေ့ဖွယ် ကောင်းလွန်းလှည်...

"စာမကြည့်ချင်ဘူး"

အတန်းတစ်နေရာတွင်
ဂျီမင်းနှင့် စာအတူကြည့်ရင်း
ဂျောင်းကု ညည်းညူပြောဆိုလိုက်သည်...

"မင်းက ဘာကိုကြည့်ချင်တာလဲ"

"ထယ်ထယ့်ကိုပဲ ကြည့်ချင်တာ"

ရှုံ့မဲ့ပြသော ဂျီမင်းမျက်နှာကို
ဂျောင်းကု သတိပင်မထားလိုက်...

ဒီနေ့က သောကြာနေ့ဖြစ်သည်မို့သာ
ဂျောင်းကု မနည်းအားတင်းထားရတာ..
ထယ်ယောင်းကို တကယ်ပင်လွမ်းနေပြီ...

"ဂျောင်းကု ဒီနေ့အပြန် ငါ့အိမ်လိုက်မှာလား"

"ဟင့်အင်း...."

ထူးထူးဆန်းဆန်း မိမိအိမ်လိုက်မည်ကို
ငြင်းနေသော ဂျောင်းကုလေးပါပဲ
ပုံမှန်ဆို အိမ်လိုက်၍ တဖြဲနှဖြဲ
လိုက်ငတ်နေကျလေ.....

လွမ်းဖျားလွမ်းနာကျနေသော
သူငယ်ချင်းလေးကို
ဂျီမင်းကြည့်မရသည်မှာကတော့ အမှန်ပင်...

သောက်ပိုတွေပါလား
မသိရင် ၇နှစ်လောက်မတွေ့ရတော့တာကျနေတာပဲ

ကျောင်းဆင်းချိန်တွင်
ဂျီမင်းကိုပင် မနှုတ်ဆက်နိုင်ပဲ
အိမ်ကလာကြိုသည့် ကားပေါ်
ဂျောင်းကုတက်သွားလေတော့သည်...

"အော် စောင်ခါးရက်​ကို လွမ်းတာနဲ့
သူငယ်ချင်းကိုတောင် နှုတ်မဆက်နိုင်တော့ဘူး"

သနားစရာကောင်းလွန်းလှသော
ဂျီမင်းလေးပဲ...
အဟင့် ဝမ်းနည်းတယ်.....အရမ်း!!

_________________________________

ပုံမှန် နံနက်ခင်းလေးလို
ဂျောင်းကု နောက်ကျမှ အိပ်ရာကနိုးလာခဲ့သည်...
ကျောင်းမှပြန်ရောက် ကတည်းက
အိပ်ပျော်သွားသော်ငြားလည်းပေါ့....

BYEOL (ကြယ်​က​လေး)Where stories live. Discover now