Ep.16

3.8K 389 33
                                    

Zawgyi


ပါးပြင်ထက် ရိုက်ခတ်လာသည့် လေနွေးနွေးရယ်
ပွတ်သပ်လာသည့် လက်ဖဝါးပြင်ကျယ်ကြီးရယ်...

တစ်ခုခု...
မည်သည့်အရာမှန်း မသိပေမဲ့
အရမ်းနွေးထွေးလွန်းသည်မို့
ဂျောင်းကုအတင်းဖက်ထားမိသည်။

ခပ်သင်းသင်းရနေ့သည့် ကိုယ်သင်းရနံနှင့်
ဂျောင်းကုကို ပြန်လည်ဖက်တွယ်လာသည့် ထိုတစ်ခုခု။

သန်သန်မာမာ ရင်အုပ်ကျယ်ကြီးနှင့်
နဖူးထက်သို့ကျရောက်လာသည့် အနမ်းဖွဖွ။
ထိုရင်ခွင်၌သာ မျက်နှာအပ်ကာ လက်ကိုဆန့်တန်း၍
ထပ်မံတိုးဖက်ထားမိတော့ ဩရှရှရယ်သံဟာ ခပ်တိုးတိုးရယ်။

"ဟိတ် အိပ်ပုပ်လေး မထသေးဘူးလား!"

ဟင်..!
ဒါ ထယ်ထယ့်အသံ မဟုတ်လား!!

မျက်လုံးကိုဖျက်ခနဲဖွင့်ကြည့်တော့
ဂျောင်းကုကို ငုံ့မိုးကြည့်နေသည့် မျက်ဝန်းနက်နက်တစ်စုံ။

"အား"

ဂျောင်းကုကြောက်လန့်တကြား ကန်ထုတ်မိတော့
ထယ်ယောင်းမှာ ကုတင်အောက်သို့ ပြုတ်ကျသွားလေသည်။

စောင်လေးအား ရင်ဘက်ထိ ဆွဲခြုံကာ
မျက်လုံး ပြူးပြူးကလေးတွေဖြင့်
ကုတင်အောက်သို့ရောက်သွားသော
ထယ်ယောင်းကို အသက်ကလေး မြန်မြန်လုရှူကာ
ကြည့်နေသည်မှာ မသိရင် ထယ်ယောင်းက
သူ့ကိုယုတ်မာတော့မည့်သူလိုလို။

နာသွားသော ခါးလေးတစ်ဖက်ကိုကိုင်ရင်း
ဂျောင်းကု၏ကုတင်ထက်သို့ တင်ပါးလွှဲထိုင်လိုက်သည်။

"ကန်ထုတ်ရလားကွ ဒီမှာကျိုးပြီလားမသိဘူး"

"ခင်ဗျားက အလန့်တကြားလာလုပ်တာကို"

ထယ်ယောင်းကိုပင် ဘုကြည့်ကြည့်ကာ
ပြန်ပြောနေသည် နှုတ်ခမ်းဆူဆူလေးကြောင့်
နာနေသည့်အရာများပင် ဘယ်ဆီရောက်မှန်းမသိတော့။

"ဘာလာလုပ်တာလဲ သူများအိပ်ယာပေါ်ကို
ကျူးကျူးကျော်ကျော်နဲ့"

အကောင်ပေါက်ကလေး ရန်တွေ့နေပုံမှာ
အလွန်ချစ်စရာကောင်းလွန်းလှသဖြင့်
ရင်ခွင်ထဲသို့ ပုဇွန်ထုပ်လေးလို
ကွေးကွေးလေးဖြစ်အောင် တမင်ချုပ်ဖက်လိုက်သည်။

BYEOL (ကြယ်​က​လေး)Opowieści tętniące życiem. Odkryj je teraz