Ep.6

4.3K 454 8
                                    

Zawgyi

"ဒီမှာ ခဏထိုင်ကြအုံးနော်
ဂျောင်းကုကို ဆေးလိမ်းပေးဖို့ ကိုယ်ဆေးသေတ္တာသွားယူလိုက်ဦးမယ်"

အိမ်လိုက်ခဲ့ကြပါလားဆိုသည့် ထယ်ယောင်း၏ စကားကြောင့် ဂျောင်းကုနှင့် ဂျီမင်းတို့နှစ်ယောက် ထယ်ယောင်းအိမ်သို့ ပါလာခဲ့ကြသည်...

"ဂျီမင်း..."

ထယ်ယောင်းအိမ်သို့ မျက်လုံးကစားရင်း
ခေါ်လိုက်သည့် ဂျောင်းကုအသံမှာ ခပ်တိုးတိုးရယ်....

"ဘာလဲ"

"ငါ့ကိုတစ်ချက်လောက်ရိုက်ကြည့်စမ်းပါ"

ဖြောင်းခနဲရိုက်သံအဆုံး နာကျင်သွားသောလက်တစ်စုံကြောင့် ထယ်ထယ့်အိမ်ရောက်နေသည်မှာ အိပ်မက်တော့မဖြစ်နိုင်....

ရိုက်လိုက်လို့ နာသွားတတ်တဲ့ အိပ်မက်မျိုးရှိလို့လား...

မျက်လုံးလေး ကလယ်ကလယ်နှင့်စဉ်းစားရင်း
ဂျီမင်းကိုလှမ်းကြည့်တော့ သကောင့်သားက
ထယ်ထယ်ချထားပေးတဲ့ မုန့်တွေနဲ့ သာယာနေလေပြီ...

"ဂျီမင်း...ငါ...ငါ ထယ်ထယ့်အရှေ့မှာဘာတွေ လုပ်လိုက်မိပြီလဲ...."

ကားနှင့် တိုက်မိမလိုဖြစ်တုန်းက ကားပိုင်ရှင်မှာ ထယ်ယောင်းဖြစ်မယ်ဟု မထင်ထားမိပဲ မိမိပြောချင်တာ ပြောချလိုက်သည်များကို သတိရလာသည် နှင့်တစ်ပြိုင်နက်
ဂျောင်းကုမျက်နှာလေးမှာ ငိုမဲ့မဲ့ဖြစ်လာလေသည်...

"အခုမှ လာငိုနေလည်း မင်းအဖေက မသနားဘူးနော်
ဘယ်နှယ့် လုပ်ချင်တာတွေ ဇွတ်လုပ်ထားပြီးတော့"

အားပေးဖော်မရတဲ့ကောင်
နှစ်သိမ့်ပေးဖော်မရတဲ့ကောင်
လူယုတ်မာကောင်

"ငါ့ကိုကြိတ်ပြီး မေတ္တာပို့မနေနဲ့နော်
မင်းပို့သတဲ့ မေတ္တာက ငါ့လိုသူတော်ကောင်းလေးပေါ်
မသက်ရောက်ဘူး..."

စားပွဲပေါ်ရှိထယ်ထယ်ချပေးထားသော မုန့်များနှင့် အပိုစကားတွေ သိပ်ပြောသောဂျီမင်းအား
ဂျောင်းကု လှမ်းပေါက်လိုက်စဉ်မှာပင်
ဆေးသေတ္တာကိုင်ကာ အချိန်ကောက်ရောက်ချလာသည့်
ထယ်ထယ့်အား ထိမှန်ကုန်၏....

BYEOL (ကြယ်​က​လေး)Where stories live. Discover now